- 6 -

7.2K 841 36
                                    

HERO ( 6 )

Unicode

ပတ်ဂျီမင်းဘဝမှာ ကလေးတစ်ယောက်လို တစ်စုံတစ်ခု
ကို သဘောကျနှစ်သက်ဖူးခဲ့ပြီ ။
ဤအရာမှာ Jeon Jung Kook ဖြစ်နေလိမ့်မယ်လို့ မတွေး
ထင်ခဲ့မိ ။ စတွေ့တုန်းက နှာဘူးကြီးဆိုပြီး မုန်းခဲ့သလောက်
ခုတော့ မပြောပြတတ်အောင် ချစ်သည် ။ မလိမ်ပါ ။
ချစ်ခြင်းအစ မုန်းခြင်းကဆိုတာ တကယ် ။

" ဟင် !! "

ထုံးစံအတိုင်း သူပျောက်နေပြန်ပြီ ။
​သူရှိနေကြနေရာမှာ သူမရှိရင် သေချာပြီ သူတစ်နေရာကို
ထွက်သွားတာ ။

" ကျစ် ! ဒီလူတော့ ပြောတောင်မပြောသွားတော့ဘူး
အဲ့ဒါတွေမုန်းတာ ငါ့မှာတော့စိတ်ကူးတွေယဥ်လို့ "
                                     //

တနုံ့နုံ့နဲ့ သတိရတာရော မပြောသွားလို့ ဒေါသဖြစ်တာ
ရော ရောထွေးပြီး စာကျက်မရ ။

ဖုန်းဆက်ကြည့်ရမလား ?

ဘာကိစ္စဆက်ရမှာလဲ ? သူတောင် ငါ့ကိုမပြောဘဲသွား
သေးတာ ငါက ဘာလို့မေးရမှာလဲ ?

" ဟူး !! ခက်လိုက်တာ နှာဘူးရေ "

                                      //

မနက်မိုးလင်းတော့ နေစူးစူးက မျက်နှာပေါ်ကျလေသည် ။

" အား !!! ကျောင်းသွားရဦးမယ်ကွာ !!!!!!!!! "

ဆံပင်စုပ်ဖွားနဲ့ ရေချိုးခန်းဆီဦးတည်လိုက်သည် ။

" ငါကလဲ မိုးလင်းထလာတာတောင် ချောလိုက်တာနော်
ဒါကြောင့်လဲ ဟိုနှာဘူးကြီးက ချစ်တာနေမယ် အလဲ့ "

ဒီလိုနဲ့ပြင်ဆင်ပြီး ခြံရှေ့ကိုထွက်လာခဲ့သည် ။

" အမလေး အမေ့ !!!! "

သရဲ လားထင်ရအောင် အိမ်ရှေ့မှာ ရောက်နေသော
Jeom Jungkook ။
စက်ဘီးတစ်စီးကလည်းပါလာပြီး ထိုစက်ဘီးကို
မှီလျက် ရပ်နေသည် ။

" လန့်လိုက်တာဗျာ အသံမပေးဘာမပေးနဲ့ "

" လာ စက်ဘီးပေါ်တက် ကျောင်းလိုက်ပို့ပေးမယ် "

ဘေးရှိ ဒေါက်ထောက်ထားသော စက်ဘီးကို ယူ၍
အသင့်ပြင်နေသည် ။

HERO • Kookmin || COMPLETED || حيث تعيش القصص. اكتشف الآن