- 16 -

5.5K 656 11
                                    

HERO ( 16 )

Unicode

ထုံးစံအတိုင်း Favour Club ဥက္ကဌ Club ရှေ့ကား
ဆိုက်တာနဲ့ အားလုံးက ရုတ်ရုတ်သဲသဲကြိုဆိုကြသည်

" ဆရာ !! ရောက်ပြီလား ဘာလိုအပ် ...  ? "

" မြန်မြန် !! ဂျွန်ဂျောင်ကု ကို ငါ့အခန်းကိုခေါ်လာခဲ့ "

" ခင်ဗျာ ? အာ ဟုတ် အခုခေါ်လာခဲ့ပါမယ် "

                                    //

သူ့အခန်းကို မရောက်ခဲ့တာ နှစ်ချီနေခဲ့ပြီ
သူ့ရဲ့ ရေမွှေးနံ့ ခုံမှာထိုင်နေရင်း ခြေထောက်ချိတ်
ထားတဲ့ အမူအရာ ဆေးလိပ်နံ့
အားလုံးကို ကျွန်တော် မုန်းနှင့်ပြီးသား

" ကျွန်တော့်ကိုခေါ်တယ်ဆို "

မနေ့တစ်နေ့ကလိုပဲ ဒီလူက ဘာမှမပြောင်းလဲပါဘူး
သူသောက်နေကျ ဆေးလိပ်ကို လက်ကြားညှပ်ရင်းပေါ့

" လာ ဒီမှာထိုင် "

ပုံမှန်ဆို Club ရောက်တာနဲ့ မိန်းမတွေတစ်ပျော်ကြီးနဲ့
မူးရူးနေတဲ့သူက ခုတည်တည်ကြည်ကြည်နဲ့ ဖြစ်နေတော့
ဂျောင်ကု အတန်ကြာ စိုက်ကြည့်လိုက်မိသည်

" ဘာလုပ်နေတာလဲ ဒီမှာထိုင်လေ "

ခုံမှာဝင်ထိုင်ရင်း အင်္ကျီရှပ်ကြယ်သီးကို တစ်လုံး
နှစ်လုံး ဖြုတ်လိုက်သည်
စိတ်ကျဥ်းကျပ်တာကြောင့်လည်းပါသည်

" ငါတို့စကားမပြောရတာကြာပြီပဲ "

" ဟုတ်ပါတယ် အခု ဘာကိစ္စ  ....  ? "

" မင်း ဒီမှာ မလုပ်ချင်တော့ဘူးလား ? "

ရုတ်တရက်မေးလာသော မေးခွန်းအတွက် ဂျောင်ကု
မှာအဖြေမရှိ

HERO • Kookmin || COMPLETED || Where stories live. Discover now