- 14 -

6.1K 742 25
                                    

HERO ( 14 )

Unicode

မနက်စောစော ခုနစ်နာရီခန့်

" ဂျီမင်း !! အပြင်ထပ်သွားဦးမလို့လား "

" ဘာလဲ ? ခုမှသွားတာလေ "

" မင်းဟာကအစောကြီး ဘယ်ကိုလဲ "

" ဒီမှာ အဖေ ! ကျွန်တော့်ဘာသာ ဘယ်သွားသွား
ဘာလို့လဲ ? အဖေကရော ဘာလို့ခုတလောမှ အိမ်အရမ်း
ချစ်နေရတာလဲ "

" တော်စမ်း ပတ်ဂျီမင်း !! မင်းဒီနေ့ဘယ်မှမသွားနဲ့
ငါခဏနေ ကုမ္ပဏီသွားမှာ မင်းလိုက်ခဲ့ရမယ် "

" ဟမ် ? မလိုက်ဘူး ! ကျွန်တော်သွားစရာရှိတယ်
ကျွန်တော့်ကိုအတင်းအကျပ်လာမလုပ်ခိုင်းနဲ့နော် "

" မင်း ငါ့စကားနားထောင်ရမယ် "

" မထောင်ဘူးဗျာ !! အဖေတောင် ကျွန်တော်
ပြောတာမလိုက်လျောဘဲနေသေးတာပဲ "

" ဂျွန်ဂျောင်ကုကို အလုပ်ဖြုတ်ခိုင်းတဲ့ကိစ္စလား "

" ဟုတ်တယ် "

ဂျီမင်းက ရှူးရှူးရှဲရှဲ နဲ့ တကယ် ဒေါသထွက်နေဟန်ပင်

" အကြောင်းအရင်းက ဘာလဲ ? မင်းနဲ့မတည့်တဲ့သူ
လား ဘယ်လိုပတ်သက်လဲ ? "

" အဲ့ဒါအရေးကြီးလို့လား ? "

" ကြီးတာပေါ့ ဘာအကြောင်းရယ်လိုရေရေရာရာ
မရှိဘဲ အပြစ်မရှိတဲ့သူတစ်ယောက်ကို ငါကအလုပ်ဖြုတ်
ပစ်ရမှာလား "

" အပြစ်မရှိတဲ့သူမို့ မဖြုတ်တာလား ? အဖေ့ အတွက်
ခိုင်နေအောင် သူကရှာပေးနိုင်နေလို့လား "

" ဘာ ? မင်းက ခုဘယ်သူ့ဘက်ကလဲ ? ဘာဖြစ်
ချင်တာလဲ "

HERO • Kookmin || COMPLETED || Where stories live. Discover now