- 32 -

4.9K 578 48
                                    

HERO ( 32 )

Unicode

ဂျီမင်း အိပ်ရာကနိုးလာတော့ ထုံးစံအတိုင်း ဂျောင်ကု
မရှိနေ အပြင်မှာပဲ အိပ်နေမည်အထင်နဲ့ ထွက်လာ
တော့လည်း ဂျောင်ကုကို မတွေ့

" ဂျီမင်း နိုးပြီလား ? ကြက်ပေါက်လေး "

ဂျောင်ကုက မိုးတွေ စိုရွှဲလို့ အမြန်ပြေးလာတဲ့ပုံစံ

" မောင် ???? ဒါက ဘယ်ကပြန်လာတာလဲ "

" ပစ္စည်းတစ်ခုသွားဝယ်တာ "

" ဘာကိုသွားဝယ်တာလဲ မိုးတွေစိုနေပါလား "

" နောက်ကျရင်ပြမယ် အင်္ကျီလဲလိုက်ဦးမယ် "

" မောင်ရယ် ထီးလေးတောင် ယူမသွားဘူး တကယ်ပဲ
ဘာတွေအရေးကြီးလို့တုန်း ခုတော့ စိုကုန်ပြီ ဖျား
တော့မှာပဲကွာ "

ဂျောင်ကုက ရီပဲရီပြရင်း ဘာမှပြန်မပြော

" အဒေါ်ကြီးကရော ? မတွေ့မိလို့ "

" သူ ခရီးထွက်သွားတယ် သုံးလေးရက်ကြာမယ်တဲ့
ဘယ်သူဆုံးလို့ ဆိုလဲ "

" အော် "

ဂျောင်ကု က ပြောရင်း အခန်းထဲဝင်သွားသည်
ချမ်းနေပုံလည်း ပေါက်သည်

" မောင် အင်္ကျီလဲထားနော် ကျွန်တော်သဘက်ယူလာ
ခဲ့မယ် !!!!!!! "

ဂျီမင်းက ခြံထဲလှန်းထားတဲ့ သဘက်ကိုဆင်းယူ
လိုက်ရင်း အခန်းထဲ ဝင်လာတော့ ဂျောင်ကုက
အင်္ကျီချွတ်လျက် တန်းလန်း

" အာ  ....  "

ဂျီမင်း မမြင်ချင်ယောင်ဆောင်ရင်း ခေါင်းကို တစ်
နေရာသို့ လွှဲလိုက်သည်
ဂျောင်ကုက မြင်သွားတော့ ခွိခနဲရီသည်

HERO • Kookmin || COMPLETED || Where stories live. Discover now