Part 2

3.8K 151 0
                                    

#Zawgyi

"အဟင်း" ထိုလူမှာ ချောင်းဟန့်လိုက်သည်
ဘုန်းမိုးလည်း စိတ်နဲ့ကိုယ် ကပ်သွားပြီး
"တောင်းပန်ပါတယ်ဗျာ ကျွန်တော် ရုပ်သေးတွေဆီစိတ်ရောက်နေလို့ အကိုလာတာမမြင်လိုက်လို့ပါ"
"ရပါတယ်" တစ်ခွန်းသာပြောပီး ရုပ်သေးကိုသူပဲကောက်လိုက်သည်
ထို့နောက်ရုပ်သေးလေး ကိုင်ပြီး အပြင်သို့ထွက်သွားသည်...

ဘုန်းမိုးလည်းအူကြောင်ကြောင်ဖြင့် ရုံထဲဝင်မည်အလုပ် ဖိနပ်က တစ်စုံတစ်ခုကို နင်းလိုက်မိသည်... ခြေထောက်ကိုဖယ်ပီးကောက်ယူလိုက်တော့
"ဟင် ရွှေ ရင်ထိုးလေး...
ဒါဟိုလူ့ဟာဖြစ်မယ်"
"ဟေ့လူ ဟေ့လူ..."
အော်ခေါ်ပြီး တိုက်ရှေ့ကို ထွက်လာလိုက်သည်
ကိုယ်တော်ချောက Foreigner တစ်ယောက်နှင့် စကားပြောနေသည်

ဘုန်းမိုး သူတို့နှစ်ယောက်စကားပြောတာကို ရပ်စောင့်နေပြီး ခဏကြာမှ ဟိုလူမှာ ဘုန်းမိုးဘက်လှည့်လာသည်...

"ဒီဟာ...ဒါက ခင်ဗျားဟာမလား ခုနက ပြုတ်ကျသွားတာဖြစ်မယ်
ရော့..." ဘုန်းမိုး ရွှေရင်ထိုးတင်ထားသော လက်ဖဝါးကို ထိုလူ့ဆီလှမ်းလိုက်သည်
"ဪ ဟုတ်သားပဲ ကျေးဇူးပဲ ညီ'
ဘုန်းမိုး ပြုံးပြလိုက်ပြီး
"ဒါနဲ့ ရုပ်သေးပွဲက ဘယ်အချိန်စမှာလဲ'
"ခဏနေ စတော့မှာလေ ညီရဲ့ ကိုယ်လည်း မင်းဝင်တိုက်တဲ့ ဒီရုပ်သေးနဲ့ ကမှာ" ဟု ပြုံးပြီး ဘုန်းမိုးကို ပြောလိုက်သည်
"အကိုက ရုပ်သေးကတတ်တာလား" ဘုန်းမိုး အံ့သြပြီးမေးလိုက်သည်
" ကတတ်တာပေါ့ ညီရဲ့ ကိုယ့်အလှည့်က နောက်ဆုံးပဲ...ခုနစ်ထွေရုပ်သေးအက ကမှာ အဲ့ခါကျ သေချာကြည့်ပေါ့"
"အရေးထဲ သူကျွမ်းကျင်တဲ့အလုပ်ကို ကြွားပြီး ငါ့ကိုကြည့် ခိုင်းနေသေးတယ်...ဟွန်း"
ဘုန်းမိုးစိတ်ထဲမှရေရွတ်မိသည်
"ဟုတ် အဲ့တာဆို ကျွန်တော် အထဲဝင်တော့မယ်" ထိုသို့ပြောပြီး ရုံထဲသို့ဘုန်းမိုးဝင်သွားလိုက်သည်

ရုပ်သေးအခန်းသည် မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း
နံရံများကို ဝါးထရံကပ်ထားပြီး သစ်သားဇာတ်စင်ဖြစ်ကာ
ကန်လန့်ကာ အနီရောင်ရင့်ရင့်ကို မီးရောင်စုံများက လာရောက်ကြည့်ရှုသူများကို စိတ်ဓာတ်ခွန်အား ပေးနေသည့်အလား...ထို့နောက်
ရင်သပ်ရှုမောဖွယ်ရာ ကကွက်ဆန်းများဖြင့်
အလွန်လှပသော မီးရောင်စုံများကြားထဲတွင်
ဝတ်စုံ ဒီဇိုင်း အမျိုးမျိုးဖြင့်ဖန်တီးထားသော
မြန်မာ့ရုပ်သေးကို သေသေချာချာ လှလှပပ ထိန်းချုပ်ပြီး
ကသွားကြသော သူများမှာ အရမ်းလေးစားစရာကောင်းမိသည်...

သူသိစေ🍁[Completed]Where stories live. Discover now