Part 17

1K 41 4
                                    

#Zawgyi

လေးလံနေသော မျက်ခွံများမှာ ရုတ်တရက်ပွင့်သွားသောအခါ
အရိုးကွဲမတတ်ခံစားရသော နာကျင်မှုတို့ကပါ အရိပ်ကဲ့သို့တစ်ခါတည်းလိုက်ပါလာတော့သည်ကို ဘုန်းမိုးကြိတ်မှိတ်ခံစားနေရသည်

"ညီလေး...နိုးလာပြီလား
သက်သာရဲ့လား"
ကုတင်ဘေး၌ ဘုန်းမိုးကိုစိုးရိမ်စိတ်အပြည့်ဖြင့် မေးနေသူက ဝဏ္ဏ...

"အား...ကျွတ် ကျွတ်...
အကို ညီလေးကို အကိုက်အခဲပျောက်ဆေးလေးယူပေးပါလား"
ဘုန်းမိုး လက်တစ်ဖက်က နားထင်ကို နှိပ်ကာ တစ်ဖက်က စားပွဲပေါ်တွင်ရှိသော ဆေးကဒ်ကို လက်ညှိုးထိုးပြလိုက်သည်...

"ညီလေး... ဒါတွေသောက်နေရုံနဲ့ မင်းခေါင်းကိုက်တာပျောက်မယ်လို့ထင်နေတာလား
မူးတောင်လဲရတယ်လို့ ဘယ်ချိန်တည်းကဖြစ်နေတာလဲ"
ဝဏ္ဏ စိုးရိမ်သံသာမက ကရုဏာဒေါသသံနှင့်ပါ မေးလိုက်သည်

"ယူပေးမှာသာ ပေးပါဗျာ ကျွန်တော်စကားတွေအများကြီးမပြောနိုင်ဘူး"
ဘုန်းမိုး စုတ်တစ်ချက်သပ်လိုက်ပြီး ဝဏ္ဏကိုစိတ်ညစ်စွာပြန်၍အဖြေပေးလိုက်သည်

"ဆေးခန်းထိခေါ်သွားဖို့ ငါမင်းကို ကုန်းပိုးသေးတယ်
ဒါပေမဲ့ အဆင်မပြေဘူး အကူအညီတောင်းလို့ရတဲ့
ကျောင်းသားတွေကလည်းကျောင်းရောက်နေပြီ
ဆရာဝန်ခေါ်ဖို့ကလည်း ကိုယ်လည်းအသိဆရာဝန်မရှိဘူး
အဆောင်မှူးကလည်း ညတည်းကပြန်မလာလို့
ညီလေး ဘေးမှာ ထိုင်မရထမရဖြစ်နေတာ
မင်းနည်းနည်းလောက်သက်သာရင် ကိုယ်နဲ့ဆေးခန်းသွားကြမယ်လေ"

"ရပါတယ် အကိုရယ် အကိုလည်းကျွန်တော့်ကြောင့်အတန်းမတက်ရတော့ဘူး
ကျွန်တော်ဒီနေ့တစ်ရက်လောက်နားလိုက်ရင်ကောင်းသွားမှာပါ
ဆေးခန်းသွားစရာမလိုဘူး မျက်မှန်တပ်ရတော့မယ်ထင်တယ်
မြင်နေရတာတွေကလည်း ပုံရိပ်တွေကနှစ်ထပ်ဖြစ်နေတယ်
နောက်နေ့ မျက်စိဆေးခန်းသွားလိုက်မယ် ကျွန်တော့်ကိုစိတ်မပူနဲ့"

ဘုန်းမိုးအသံမှာ အားမရှိနိုင်...
နာကျင်လှသော ဦးခေါင်းမှဒဏ်ရာသဖွယ်ခံစားချက်နှင့်
မူးဝေလှသော မျက်လုံးတို့မှာ မျက်စိရှေ့မှ ပုံရိပ်တို့ကိုတိကျပြတ်သားစွာ ပုံမဖော်နို်င်တော့...

သူသိစေ🍁[Completed]Where stories live. Discover now