သူသိစေ🍁
အပိုင်း(8)#Zawgyi
"ကိုယ်...မင်းကို ချစ်တယ်"
နှုတ်ဖျားမှ မထွက်သော်လည်း စိတ်ထဲမှ အကြိမ်ကြိမ်အခါခါပြောနေမိသည်မှာ ဒီစကားတစ်ခွန်းပဲရှိပေမည်"ပြီးတော့ ဘာဖြစ်လဲ...
ခင်ဗျားနော် အငယ်ကို လက်စားချေတာလား"
ဘုန်းမိုး နှုတ်ခမ်းစူ မျက်စောင်းထိုးကာ မင်းခန့်ကိုပြောလိုက်သည်"ဟားဟား...
ကလေးဆိုးလေး... သူကျမပြောဘဲနဲ့"
မင်းခန့် ဘုန်းမိုးဆံပင်လေးကို ဖွကာပြောလိုက်သည်
နူးညံ့ဖြောင့်စင်းသော ဘုန်းမိုး၏ ဆံနွယ်များမှာ
မင်းခန့်၏ လက်တစ်ဖက်ကြောင့် ယိမ်းခါသွားရသလို
သူ့ရင်ထဲတွင်လည်း နှလုံးခုန်သံမှာ ဆူညံနေပြီဖြစ်သည်...ဘုန်းမိုး၏ ဆံပင်ရော နှလုံးသားကိုပါ လှုပ်ခါသွားစေသူ၏ လက်အောက်မှ ရုန်းထွက်လာကာ
တံတားပေါ်တွင် ပြေးနေတော့သည်...
သူ နောက်ပြန်လှည့်ကြည့်မိပြီး...
မင်းခန့်ကို တောက်ပစွာပြုံးပြလိုက်သည်မို့ မင်းခန့် ရပ်နေရာမှမခွာငေးကြည့်နေရသည်...ညနေခင်းဆည်းဆာ နှင့်အပြိုင် လှပနေသော ဘုန်းမိုး၏အပြုံးများကြောင့် မင်းခန့်ရင်ခုန်သွားရသည်
နောက်ပိုင်း မင်းခန့်နှင့် ဘုန်းမိုး ခဏခဏတွေ့ဖြစ်ကြရုံသာမက
ဘုန်းမိုးတို့ကျောင်းကို ခဏခဏလာနေသော မင်းခန့်ကို ဝဏ္ဏမကြည်တော့ပေ...
ထို့အတူ မင်းခန့်ကျောင်းလာတိုင်း အနားမှာ ဘုန်းမိုးက အမြဲရှိနေသဖြင့် ဒါလီ ဘုန်းမိုးကို ဒေါသဖြစ်ရပြန်သည်
တစ်ခါတစ်လေ ဒါလီက မင်းခန့်ဘေးနားသို့ လာလျှင်တောင် မင်းခန့်က ဘုန်းမိုးကို ဆွဲခေါ်ကာ သူမနှင့်ဝေးရာသို့ ထွက်သွားတတ်သည်ကြောင့် ဒါလီ ဘုန်းမိုးကို မကျေမနပ်ဖြစ်ရသည်ဘုန်းမိုးကလည်း ဝဏ္ဏ ကို ယခင်ထက် ပိုမိုရင်းနှီးစွာဆက်ဆံပြီး ဘုနှင့်ဘောက် မပြောတော့သော်လည်း
သူ၏ မျက်လုံးထဲတွင် ဝဏ္ဏ ကို အကိုတစ်ယောက်ထက်မပိုသည့်ရိုးသားသော အကြည့်များသာရှိသည်
ဝဏ္ဏ ကတော့ ဘုန်းမိုးကို အမြဲအရိပ်တကြည့်ကြည့်ဖြင့်သာ ဂရုစိုက်ရုံကလွဲ၍ ကျန်တာဘာကိုမှ မတောင်းဆိုတော့...