Part 4

2.1K 112 3
                                    

#Zawgyi

ဘုန်းမိုး အကိုင်ခံထားရသော သူ၏ လက်ကို ဖြုတ်ချလိုက်ပြီး
"သိပါပြီ လူဆိုတာ....
ဒါပေမဲ့ လူဆိုးလား ဝရမ်းပြေးလား သူခိုးလားဆိုတာတော့ ကျွန်တော်ဘယ်သိဦးမလဲ" ဘုန်းမိုးအခြားတစ်နေရာကိုကြည့်ပြီးပြောလိုက်သည်

"နေပါဦး ငါ့ကိုကျ ဝရမ်းပြေးလေးဘာလေးနဲ့ မင်းကရော ဘယ်သူလဲ"
"ကျွန်တော်လား......ကျွန်တော်က နတ်သက်ကြွေလာတဲ့ နတ်သားလေးလေ နတ်ပြည်က ဒီကိုခဏလာလည်တာ လူထူးဆန်းတွေနဲ့တွေ့နေတယ်"
"ကောင်းကောင်းပြော"
အလွန်တရာမှ အေးစက်လှသောအသံကြီးပြန်ထွက်လာပြီမို့ ဘုန်းမိုးတစ်ချက်တုန်သွားသည်...

တုန်မှာပေါ့ သူ့ခန္ဓာကိုယ်မှာ နည်းတဲ့ဗလကြီးမဟုတ် အရပ်ကလည်6းပေနီးပါးရှိမည် အသားလတ်လတ်ပေမဲ့ ဖြူတဲ့ဘက်သမ်းသည်... ယောကျာ်းပီသသောရုပ်ရည်နှင့်
အေးစက်စက်အသံကြီးကိုပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်
ဘုန်းမိုးမှာ သူနှင့်ယှဉ်ပါက ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ဖြစ်သွားရသည်

"ဟုတ်ကဲ့ ကျွန်တော့်နာမည်က ဘုန်းမိုးသွင်ပါခင်ဗျာ ရန်ကုန်ကနေဒီကိုကျောင်းလာတက်တာပါခင်ဗျာ ဒီအဆောင်မှာနေတာ 5ရက်ရှိပါပြီခင်ဗျာ
ဒီနေ့မှ ကျောင်းစတက်တဲ့ Fresherချောချောလေးပါခင်ဗျာ"
ဘုန်းမိုး မျက်စိအသားကုန်မှိတ်ကာပြုံးပြီး ပြောလိုက်သည်
"ဘုန်းမိုးသွင်... ဧကန္တ...အန်တီမိမိဦးရဲ့ သားလား"
"ဗျာ... ကျွန်တော့်အမေကိုဘယ်လိုသိတာလဲ
အဲ့တာကြောင့်ခင်ဗျားကိုမေးတာ ခင်ဗျားက လူလိမ်ဖြစ်နေတာပဲ အံ့သြဘ"
"မင်းမမှတ်မိဘူးငါသိတယ် ငယ်ငယ်တုန်းကတော့ ကိုကိုစိုင်းကိုကိုစိုင်းနဲ့ ငါ့အိမ်မှာရှိတဲ့ ကစားစရာတွေအကုန်ယူဆော့ပြီး
လူလစ်ရင် သူ့အိမ်တောင်သယ်သွားတဲ့ ကောင်ကများ ငါ့ကိုများလူလိမ်တဲ့"
"ဗျာ..."
ဝဏ္ဏအပြောကြောင့် ဘုန်းမိုးမျက်လုံးပြူးသွားသည်
"မဗျာနဲ့ ငါမင်းတို့ဘေးအိမ်မှာနေခဲ့တာ မင်းအခုနေနေတာ ကျောက်တံတားမြို့မှာမလား"
"ခင်ဗျားက ဗေဒင်ဆရာလား မြို့နဲ့ မေမေ့နာမည်တော့မှန်ပေမဲ့
ကျွန်တော်ခင်ဗျားကို တကယ်မသိဘူး ကျွန်တော်အဲ့လောက် ဥာဏ်မတုံးပါဘူး ငယ်ငယ်ကအကြောင်းတွေတော်တော်များများကိုမှတ်မိပါတယ်
ခင်ဗျားက သိုက်ကလား ပေါ်ပြီးပျောက်သွားရအောင်"
"အေး ထားပါတော့ မမှတ်မိလည်း မင်းအမေ အန်တီမိမိဦး မေးကြည့်လိုက် ငါ့ကိုသူသိတယ် အထဲဝင်ပြီ တာ့တာညီလေး"
ဝဏ္ဏလက်လေးပြပြီး ချက်ချင်းအခန်းတံခါးပိတ်လိုက်တော့သည်...
"ဘာလဲဟ...တကယ်ပဲ အဲ့လိုလား"
ဘုန်းမိုးလည်း ခေါင်းတကုတ်ကုတ်ဖြင့်အခန်းထဲဝင်သွားတော့သည်...

သူသိစေ🍁[Completed]Where stories live. Discover now