Part 15

1.2K 62 7
                                    

#Zawgyi

မင်းခန့် မျက်စိအစုံရှိ ဖြစ်ပျက်နေသော မထင်မှတ်ထားသည့်မြင်ကွင်းကြောင့်
အံကိုကြိတ်ကာ လက်သီးကိုနာနာဆုပ်ရင်း စီးကျလာသောမျက်ရည်များနှင့်အတူ အဆောင်ရှေ့သို့ပြန်၍ထွက်ခဲ့လိုက်သည်...

သြော်... သူအဆင်ပြေနေပြီပဲ
သူ့ဘေးနားမှာ ငါ့ထက်ပိုပြီးနွေးထွေးမှုပေးနိုင်တဲ့သူတစ်ယောက်ရှိနေပြီပဲ...
ငယ်ငယ်တည်းက သံယောဇဉ်ရှိခဲ့ကြတာဆိုတော့
အခုမှ တွေ့တဲ့ငါ့လိုကောင်က သူ့အတွက်အသုံးမဝင်ပါဘူးလေ...
အခုအချိန်မှာ ငါကသူ့အတွက် လူယုတ်မာပဲလေ...
မင်းကို ငါအရမ်းချစ်နေမိပြီ ဘုန်းမိုးရာ
ငါ့ကိုမနာကြည်းပါနဲ့ကွာ...

............................................

"တီ...တီ...တီ..."
စားပွဲပေါ်တွင်တင်ထားသော ဖုန်းသံကြောင့် ဘုန်းမိုးလှမ်းယူလိုက်တာကိုင်လိုက်သည်

"ဟဲလို..."

"................."

"ဟုတ်ကဲ့ ကျွန်တော်လာခဲ့မယ် အမ"
ဘုန်းမိုး ပုံမှန်ထက်ပို၍ မာကြောနေသောလေသံဖြင့်သာပြန်၍ပြောလိုက်သည်
စိတ်ထဲမှတော့ တစ်ခုခုကို သိချင်နေသည်...
သို့သော် အကြောင်းပြချက်ပေါင်းများစွာကို သူနားထောင်ရတော့မည်ဟု တွေးမိသည်...

မိုးရိပ်ချိန်းထားသော ကော်ဖီဆိုင်သို့ ဘုန်းမိုးမျက်စိမျက်နှာပျက်ဖြင့်သာ ဝင်လာလိုက်သည်...

သူဒီအကြောင်းတွေမကြားချင်ပါ...
ဒီလိုခေါ်ရှင်းပြမည် ဆိုသည်မှာလည်း မင်းခန့်ဘက်မှရှေ့နေလုပ်ကာ
ကာကွယ်ပေးပြီး ဆင်ခြေများပေးတော့မည်ဟု ဘုန်းမိုးယုံကြည်မိသည်...
ယခုအချိန်၌ "မင်းခန့်" ဟူသော နာမည်ကိုမကြားချင်လောက်အောင်ကြောက်ရွံ့နေခြင်းဖြစ်သည်...
သူ့အသက်ကို ရန်ရှာနေသောသူ ဟူ၍သာ ဘုန်းမိုးသိသည်

ဆိုင်ထဲသို့ဝင်လိုက်သောအခါ ထောင့်တစ်နေရာတွင်ထိုင်နေသောမိုးရိပ်က လက်လှမ်းပြသဖြင့် သူမရှိရာဝိုင်းသို့ သွားပြီး မျက်နှာချင်းဆိုင်ထိုင်လိုက်သည်
စကားမပြောသေးဘဲ စိတ်လှုပ်ရှားနေပုံပေါက်နေသောမိုးရိပ်ကို ဘုန်းမိုးစိတ်မရှည်သည်မို့
"အမကျွန်တော့်ကို ပြောစရာရှိတယ်ဆိုတာ ပြောပါ"
လေသံမာမာဖြင့်သာ မေးလိုက်မိသည်...

သူသိစေ🍁[Completed]Where stories live. Discover now