Part 11

1.2K 57 0
                                    

#Zawgyi

"ဟာ..."
မင်းခန့် အလွန်ပင်အံ့သြမှင်သက်သွားရသည်
ဒါလီနွယ်ဆိုတဲ့ အမျိုးသမီးတစ်ဦးက ဒီလိုပုံစံ လုပ်ပြမည်ကို
သူတစ်ခုမှ  မစဉ်းစားဖူးပါ...

"ဒါလီ... နင်ဘာလုပ်တာလဲ
နင့်ပုံစံကို အခုချက်ချင်းပြင်လိုက်နော်"

"ဟင့်....နင့်ကိုမှ ငါမပိုင်ရတော့လည်း
နင့်ကို ဘယ်သူ့လက်ထဲကိုမှ ငါမထည့်နိုင်တော့ဘူး...
မင်းခန့်ရယ်...ငါနင့်ကိုချစ်လို့ပါဟာ"
ဒါလီနွယ် ဝမ်းနည်းသံအပြည့်ဖြင့် မင်းခန့်ရှေ့သို့ တစ်လှမ်းချင်းတိုးလာသည်
ရုတ်တရက်...

"နင် အခုတော်တော့...
ဒါလီနွယ် ငါနင့်ကို ဆက်ပြီးမကူညီနိုင်တော့ဘူး
ငါ့ကိုယ်ငါလည်းလိပ်ပြာမသန့်တော့ဘူး..."
မိုးရိပ် သူတို့နှစ်ဦးရှေ့သို့ရောက်လာပြီး
ဒါလီနွယ်ကို မနှစ်မြို့သောအကြည့်ဖြင့် ပြောလိုက်သည်
ထို့နောက် မင်းခန့်ကို တစ်ချက်ကြည့်လိုက်ပြီး

"ဒီလမ်းက လူသွားလာရှင်းတယ်ဆိုပေမဲ့
မင်းခန့် နင်ဘာမှမစိုးရိမ်နဲ့
တစ်ခုခုဖြစ်ရင် ငါရှိတယ် လာသွားမယ်"
မိုးရိပ် မင်းခန့်လက်ကို ဆွဲကာ ဆိုင်ကယ်မောင်းခိုင်းလိုက်သည်
သူမလည်း ဆိုင်ကယ်မောင်းပြီး နှစ်ယောက်လုံး ထိုနေရာမှ ထွက်သွားကြတော့သည်

"ဟက်ဟက်...ဟား.....
နင်တို့ငါ့ကို...ဟက်..တစ်ယောက်တည်းထားခဲ့တယ်ပေါ့
ဟားဟား... ငါက ဒါလီနွယ်နော်...ဘယ်လိုမိန်းမမျိုးထင်နေလို့လဲ..."
လေသံမာမာဖြင့် ပြုံးကာပြောလိုက်သော်လည်း တစ်ဖြည်းဖြည်းနှင့်
"ဟင့်...ငါ့ကို မထားခဲ့ကြပါနဲ့ဟာ...
မင်းခန့် နင်မရှိဘဲ ငါဘယ်လိုနေရမှာလဲဟာ...
နင့်ကိုငါ သိပ်ချစ်တာလေ...
ငါ့ကိုမှ ဘာလို့ရက်စက်သွားရတာလဲ မင်းခန့်ရာ..."

စိမ်းစိုနေသော သစ်ပင်ကြီး၏အောက်တွင် ဒါလီနွယ် လဲကျသွားကာ
ဆိုင်ကယ်မောင်းရင်း တစ်ရွေ့ရွေ့ ထွက်သွားသော မင်းခန့်ကို ကြည့်ရင်း မျက်ရည်များဖြင့်သာ ကျန်ခဲ့တော့သည်...

အချစ်ချင်း ထပ်တူကျသောအခါ
ပျော်ရွှင်ကြည်နူးစရာများဖြင့် ပြည့်နှက်နိုင်သော်လည်း
အချစ်ချင်း ထပ်တူမကျသောအခါ
တစ်ဖက်သတ် ချစ်ရသူမှာ သောကပင်လယ်ဝေ နိုင်ပါသည်🍁

သူသိစေ🍁[Completed]Where stories live. Discover now