Part 12

1K 54 2
                                    

#Zawgyi

"ကိုကျော်နိုင်... ကျွန်မတို့ကွာရှင်းရအောင်"
တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ဒေါ်မိမိဦးပြောလိုက်သော်လည်း အသံများမှာတုန်ခါနေသည်

ခွက်ထဲထည့်ထားသော အရက်တစ်ခွက်ကို ဦးကျော်နိုင်သောက်လိုက်ပြီး
"ကောင်းပြီလေ...ငါ့သားကိုတော့ ငါနဲ့ထားခဲ့"

"ဘာ...မဖြစ်ပါဘူး...
ငါ့သားကို နင့်လိုလူဆီမှာ မထားခဲ့နိုင်ဘူး
လမ်းဘေးမရောက်ရင်တောင် ကံကောင်း..
နောက်ပြီး နင့်ဟာမက တွေ့ရာလူနဲ့ဖြစ်ပျက်နေတာ...
ငါ့သားခြင်ထောင်ထဲ ဝင်နေမှ ငါ့သားဘဝပျက်ပါမယ်ဟယ်..."

ဒေါ်မိမိဦး ခနဲ့ကာ ပြောလိုက်သဖြင့် ဦးကျော်နိုင် တစ်ချက်လှည့်ကြည့်လိုက်ပြီး ပါးတစ်ချက်ရိုက်လိုက်သည်
"ဖြန်း"

"ငါ့သားက မင်းနဲ့မှ ပျက်စီးမှာ...
ငါထိန်းကျောင်းနိုင်တယ်...မင်းလိုမိန်းမက ငါ့သားဘဝအတွက်ဘာများလုပ်ပေးနိုင်မှာမို့လို့လဲ
ဟားဟား... မင်းတောင် တောင်းမစားရရင်ကံကောင်း..."
ဦးကျော်နိုင် မျက်လုံးကြီးပြူးကာ
သူခိုးလူပြန်ဟစ်သလို ဒေါ်မိမိဦးကိုစေ့စေ့ကြည့်ပြီးပြောလိုက်သည်...

"ဖြန်း"
ဦးကျော်နိုင်ပြောသော စကားမှာ သူမအတွက်သာမက
သားလေး ဘုန်းမိုးအတွက်ပါ ရက်စက်လွန်းလှသဖြင့်
ရင်ထဲ၌ ဒေါသမီးများ တောက်လောင်လာသဖြင့် ယောက်ျားဖြစ်သူကိုပါးတစ်ချက်ပြန်ချလိုက်သည်

"နင်ကများ...ရာရာစစ...
ငါက ပညာတတ်ဘွဲ့ရမိန်းမတစ်ယောက်ဟဲ့...
ငါတတ်ထားတဲ့ ပညာတွေကို ငါကောင်းကောင်းသုံးတတ်တယ်
တကယ်လို့ ငါလမ်းဘေးရောက်သွားရင်တောင်မှ
နင့်ကောင်မလိုတော့ လူတကာနဲ့ဖြစ်ပျက်ပြီး ရတဲ့ပိုက်ဆံနဲ့တော့မစားဘူး
ရိုးရိုးသားသား ရှာစားမယ်..."

မဟုတ်မခံသော စိတ်တို့က ဒေါ်မိမိဦးတွင်အပြည့်ရှိသည်မို့
မိန်းမသားတစ်ဦးအနေဖြင့် ပြောမိသော စကားများမှာ ရင့်သီးနေသော်လည်း ဖောက်ပြန်ပြီး သူခိုးလူပြန်ဟစ်နေသော လူစိတ်မရှိသည့် ယောက်ျားတစ်ယောက်အတွက် ပန်းနှင့်ပေါက်ရုံလောက်သာရှိမည်ဖြစ်သည်

သူသိစေ🍁[Completed]Dove le storie prendono vita. Scoprilo ora