Part 20

1.1K 40 2
                                    

#Zawgyi

"ကိုကို... ကျွန်တော် ကျောင်းမသွားချင်ဘူး"
ဘုန်းမိုး တပ်လက်စ ကျောင်းယူနီဖောင်း အကျီင်္၏ ကြယ်သီးတို့ကိုပြန်ဖြုတ်ရင်း ကုတင်ပေါ်တွင် ထိုင်နေသော ကျောင်းသွားရန်အဆင်သင့်ဖြစ်နေသည့် မင်းခန့်ကိုပြောလိုက်သည်...

"ဟင်... ကလေးက ကျောင်းမသွားဘဲ ဘယ်သွားမလို့လဲ"

"မသိဘူးဗျာ... ကျွန်တော်ကိုကိုနဲ့ဆို ဘယ်သွားရသွားရ..
အကိုဝဏ္ဏ ကို သွားပြောလိုက်ဦးမယ် ခဏစောင့်"

ဘုန်းမိုးပြောရင်းဆိုရင်း ဝဏ္ဏအခန်းသို့ထွက်သွားတော့သည်...
ခဏကြာ ပြန်ဝင်လာပြီး စားပွဲခုံ ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်

"ကျွန်တော်ပြောလိုက်ပြီ... ကိုကိုမသွားရင် ကျွန်တော်တစ်ယောက်တည်းပဲသွားမယ်"
ဘုန်းမိုး၏ ခန့်မှန်းရခက်သော စကားလုံးတို့နှင့်စကားပြောသံတို့ကို မင်းခန့်နားမလည်နိုင်...
ထိုအခါ မင်းခန့်က ထကာ ဘုန်းမိုးအနောက်သို့ မတ်တပ်ရပ်ပြီး ခါးကိုကွေးကာ သိုင်းဖက်လိုက်သည်...

"ကလေး ဘယ်သွားသွား ကိုကိုလိုက်ခဲ့မှာပေါ့...
ကိုကိုက ကလေးလေး အပိုင်ပဲဟာ"

ပုခုံးနှင့်လည်တိုင်ကို တိုးဝေ့လာသော နူးညံ့သည့်စကားသံများကြောင့်ဘုန်းမိုးပျော်ရွှင်ရသလို
ဝမ်းလည်းနည်းရသည်....

..........................................................

ဆရာဝန်နှင့် အပြန်အလှန်ပြောခဲ့ကြသော စကားများကို ဘုန်းမိုးပြန်လည်ကြားလာရသည်

"သား... ဒီဆေးက မနက်ကို နှစ်လုံး ညသုံးလုံး
ဒါက မနက်တစ်လုံး ညတစ်လုံး
ဒါလည်းမနက်တစ်လုံး ညတစ်လုံး
ဒါက မနက် သုံးလုံး ညနှစ်လုံး
ဆေးပတ်လည်အောင် သောက်ရမယ်နော်...
ဒါတစ်ပတ်စာ နောက်တစ်ပတ်ပြန်လာခဲ့ အကြိတ်ကို တတ်နိုင်သလောက်ခြစ်ထုတ်ကြတာပေါ့...
ဆေးလည်းမသောက် ကုထုံးလည်း မခံယူဘူးဆို
သားရဲ့အသက်က မသေချာတဲ့အခြေအနေဖြစ်သွားလိမ့်မယ်
ဝုန်းဒိုင်းလည်း ဖြစ်သွားနိုင်တာမို့ ဆရာတို့ညွှန်ကြားတဲ့အတိုင်းလိုက်နာစေချင်တယ် သား"

ဆရာဝန်ကြီးမှာ ပြောလည်းပြောရင်း အရောင်သွေးစုံလင်လှသော ဆေးကဒ်တို့ကို ဘုန်းမိုးရှေ့ ချပြလိုက်သည်

သူသိစေ🍁[Completed]Where stories live. Discover now