Part 10

1.2K 60 9
                                    


#Zawgyi

"ဘုန်းမိုး...
ဘာတွေဖြစ်နေတာလဲ ကိုယ့်ကိုပြောဦးလေ..."
မင်းခန့် တုန်လှုပ်စွာ အံ့သြနေသည့်ကြားမှ ဘုန်းမိုးကိုမေးလိုက်မိသည်

"မင်းကိုလေ...
ငါ...ငါအရမ်းယုံကြည်ခဲ့တာ
အရမ်းလည်း လေးစားခဲ့တာ
မင်းရဲ့ ဘဝကို ငါအရမ်းအားကျခဲ့ရတာ ရှိုင်းမင်းခန့်...
အခု ငါအရမ်းသဘောကျတဲ့သူက လူသတ်သမားဖြစ်နေမယ်ဆိုတာ
ငါတစ်ခါမှ မတွေးဖူးဘူး...
ငါ့ကို အဲ့လောက်တောင်သေစေချင်နေတာလားကွာ...ဟင်....
ငါ မင်းအပေါ်ကို ဘာအပြစ်တွေများလုပ်ထားခဲ့လို့လဲ"

ဘုန်းမိုး၏ လေသံမှာ  ကြောက်ရွံ့ခြင်း နာကြည်းခြင်း မုန်းတီးခြင်းများကြောင့် လေသံဖျားမှာ တုန်ခါနေရသည်...

"ကိုယ်က မင်းကို ဘာလို့သေစေချင်မှာလဲ...
ကိုယ်အရမ်းချစ်ရတဲ့ မင်းကို ကိုယ်ကဘာလို့...."
မင်းခန့် နှုတ်ဖျားမှ စကားသံများမှာ ဘုန်းမိုးကိုချစ်သောစိတ်အပြည့်ဖြင့် ပြောသောစကားများဖြစ်သော်လည်းဘုန်းမိုး၏ တုံ့ပြန်မှုမှာ...

"တော်တော့ ရှိုင်းမင်းခန့်...
အဲ့ဒီစကားကို ပြောရအောင် မင်းကဘာကောင်မို့လို့လဲ...
မင်းအခုချက်ချင်း မသေချင်သေးရင် မင်းပါးစပ်ကိုပိတ်ထား"
ဘုန်းမိုး မင်းခန့်ကိုစိုက်ကြည့်ပြီး အံကိုစေ့စေ့ကြိတ်ကာပြောလိုက်သည်
တစ်ပြိုင်တည်း အိတ်ကပ်ထဲထည့်ထားသောဖုန်းကိုပါထုတ်လိုက်သည်

"ဒီမှာ တွေ့လား...
အေး ဒါသက်သေပဲ မင်းကိုတော့ငါထောင်မချဘူး
ငါကိုယ်တိုင် မင်းကိုအဆုံးသတ်ပေးမယ် ရှိုင်းမင်းခန့်"

ဖုန်းကို မင်းခန့်မျက်နှာရှေ့တွင်ကပ်ထားလိုက်၍ ဖွင့်ထားသောappမှာ message boxဖြစ်နေသည်
ဖုန်းကိုထောင်ပြထားသော ဘုန်းမိုး၏လက်တွင်လည်း နီရဲခြောက်သွေ့နေသော သွေးများကို မင်းခန့် အခုမှ သေချာမြင်မိသဖြင့် ပို၍ လန့်သွားသည်.....
ချက်ချင်းပင် ဖုန်းကို ယူကြည့်လိုက်သောအခါ

"ကိုယ် ရှိုင်းမင်းခန့်ပါ
ဒီည ညီနဲ့တွေ့ချင်တယ်ညီ 8နာရီလောက်
အောင်သုခ လမ်းမကြီးနားမှာ စောင့်နေပါ
ကို ဆိုင်ကယ်နဲ့အဲ့ဒီကို လာခေါ်မယ်"

သူသိစေ🍁[Completed]Where stories live. Discover now