Part 19

1K 32 6
                                    

#Zawgyi

မင်းခန့် သူ့ကိုယ်ပေါ်သို့တက်လာသော ထိုကောင်လေး၏အနမ်းတို့ကိုငြိမ်သက်စွာ ခံနေရင်း ဝမ်းဗိုက်တစ်လျှောက်လှုပ်ရှားမှုတို့ကို ခံစားမိရသဖြင့် ဘုန်းမိုးကို ဖယ်လိုက်ပြီး အံ့သြစွာမေးလိုက်သည်

"ကလေး.... ဘာလုပ်မလို့လဲ"

"ဟက်... အကျီင်္ချွတ်နေတာကို ဘာလုပ်မလို့လဲလို့ ခင်ဗျားမို့လို့မေးနေသေးတယ်...ဟားဟား"
ဘုန်းမိုးသောက်ထားသောအရှိန်နှင့် သတိလွတ်ကာ မင်းခန့်ကိုလူယုတ်မာအပြုံးဖြင့် တစ်ချက်ပြုံးပြလိုက်ပြီး မင်းခန့်အကျီင်္၏နောက်ဆုံး ကြယ်သီးကို ကြမ်းတမ်းစွာဖြုတ်လိုက်သည်....

"ကလေး.... ကလေးအဆင်သင့်ဖြစ်နေလို့လား...
ဒီကိစ္စက..."

"ဘာမှမပြောနဲ့... ပါးစပ်ပိတ်ထား....
ပြီးမြောက်သွားအောင် လုပ်မှာလားမလုပ်ဘူးလားပြော
ငါစိတ်တိုလာပြီနော်"

မင်းခန့်စကားမဆုံးသေးခင် ဘုန်းမိုးဒေါကြီးမောကြီးနှင့်အော်လိုက်သဖြင့်
မင်းခန့်ပို၌မျက်လုံးပြူးသွားရသည်...

ဘုန်းမိုးတစ်ယောက် ရှူးရှူးရှဲရှဲဖြင့် ထကာ ခေါင်းအုံးအောက်တွင်ထည့်ထားသော အရက်ပုလင်းကိုယူပြီး လက်ကျန်ကို ဆက်မော့လိုက်သေးသည်....
ထို့နောက် ပုလင်းကို စားပွဲပေါ်သို့တင်ကာ သူ့အကျီင်္ကိုပါချွတ်လိုက်သည်...
မင်းခန့်လည်း ဘုန်းမိုးလုပ်သမျှကိုကြောင်တောင်တောင်နှင့် ကြည့်နေမိသည်....

ဘုန်းမိုး မင်းခန့်ပေါ်သို့တက်ပြီး အနမ်းတို့ကို ပို၍သည်းထန်စွာခြွေပြန်သည်...
အကျီင်္မပါဘဲ အတွင်းသားတို့၏ နူးညံ့သောအထိအတွေ့တို့က
လူသားနှစ်ဦးတို့၏ ချစ်ခြင်းရမ္မက်ကိုပို၍ပြင်းထန်စေသည့်အလားပင်..

မင်းခန့် ဘုန်းမိုးကို ပက်လက်လန်ပြီး ဘုန်းမိုးခန္ဓာကိုယ်ပေါ်သို့ထပ်လိုက်ပြီး နှုတ်ခမ်းများမှ တစ်ဆင့်
လည်တိုင်ကို အနမ်းများခြွေမိတော့သည်...

ဘုန်းမိုး တွန့်ခနဲဖြစ်သွားသော်လည်း ငြိမ်ခံနေလေသည်..
မင်းခန့် လည်တိုင်မှတစ်ဆင့် ပါးပြင်နှင့် နှုတ်ခမ်းတို့ကို တစ်လှည့်စီတင်းကြပ်စွာ နမ်းပြီး တစ်ဖြည်းဖြည်း ဘုန်းမိုး၏ ရင်ဘတ်မှတစ်ဆင့် ဗိုက်ပေါ်သို့ အနမ်းများရောက်ရှိသွားသည်...
နှုတ်ခမ်းတို့၏ ပူပူနွေးနွေးအထိအတွေ့တို့က ရင်ခုန်သံတို့ကိုပို၍မြန်ဆန်စေသလိုပင်...

သူသိစေ🍁[Completed]Where stories live. Discover now