Part 9

1.1K 62 0
                                    

#Zawgyi

ဘယ်ဘက်လက်မောင်းမှ ဆစ်ခနဲ ဖြစ်သွားသည့် ခံစားမှုနှင့်အတူ
နာကျင် မှုနှင့်အတူ နဲရီလှသော သွေးများက အရိုးထဲ အသားထဲမှ စိမ့်ထွက်လာသော သွေးများက သဲများဖုန်များ ရောထွေးနေသော
ပလက်ဖောင်းဖြူဖြူပေါ်သို့ တဖြည်းဖြည်းကျဆင်းသွားသည်

ခန္ဓာကိုယ်၏ အားအင်တစ်မျိုးဖြစ်သော သွေးနီရဲတို့ အပြင်ဘက်သို့စိမ့်ထွက်လာသည်နှင့်အမျှ ထိုသွေးတို့ကို အားကိုးအားထားပြုရသော ခန္ဓာကိုယ်သည်လည်း ယိုင်နဲ့ကာ ရပ်တည်မှုကို ဆက်လက်မထိန်းသိမ်းနိုင်ဘဲ ပလက်ဖောင်းပေါ်သို့ လဲကျမှန်းမသိလဲကျသွားရသည်...
လေးလံလာသော မျက်ခွံများမှာ
တစ်ဖြည်းဖြည်းနှင့် အမြင်အာရုံများပျောက်ကွယ်လုနီးပါးဖြစ်လာခဲ့သည်...

"ကိုကိုစိုင်း....ကိုကိုစိုင်း......
ညီလေး ခေါ်နေတယ်လေ...ညီလေးကိုအဲ့လိုမနောက်ပါနဲ့...
ကိုကိုစိုင်း.....ကိုကိုစိုင်း ထ.....ထတော့လို့...မနောက်ပါနဲ့...ထပါတော့..."

မေ့မြောနေသော်လည်း တစ်ချက်တစ်ချက်ဝင်လာသော အသိစိတ်ထဲတွင် ချစ်စရာကလေးလေးတစ်ယောက်ငို၍ သူ့ခန္ဓာကိုယ်ကိုလှုပ်ခါကာနာမည်ကို ထပ်ခါတလဲလဲ အော်၍ခေါ်နေသည်...
...............

"ကျေးဇူးပါ ခင်ဗျ..."
Waiterလာချပေးသော Coffeeခွက်ကို ဘုန်းမိုးယူကာသောက်လိုက်သည်
အေးစိမ့်လှသော ရာသီဥတုက Coffee၏ အပူဒဏ်ကိုဖုံးဖိထားနိုင်သဖြင့် ပါးစပ်ရောက်သွားသောအခါနွေးရုံမျှသာရှိသည်
နာရီမပတ်တတ်သူမို့
အနက်ရောင်Hoodieအိတ်ကပ်ထဲမှ ဖုန်းကိုဖွင့်ကာနာရီကြည့်လိုက်သည်
"8:15"

အခုချိန်ထိ မင်းခန့်မရောက်သေးသဖြင့်
ညနေက ဝင်လာသော ဖုန်းနံပါတ်အစိမ်းကို ဘုန်းမိုးဆက်ကြည့်လိုက်သည်
"လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင်..."

"ဘာလဲဟ..."
စိတ်ထဲမှ ဒေါသထောင်းကနဲထွက်သွားသဖြင့် Coffeeဖိုးရှင်းကာ စိတ်ဆိုးဆိုးနှင့် ဘုန်းမိုးဆိုင်ထဲမှ ထွက်သွားမိတော့သည်...

"ငါ့ကိုလဲ ချိန်းသေးတယ် ဖုန်းကျတော့ဆက်ပိတ်ထားတယ်တဲ့
ဘယ်လိုလူလဲ..တောက်"
ဘုန်းမိုး ခေါင်းငိုက်စိုက်ဖြင့်
Hoodieကိုခေါင်းစွပ် အိတ်ကပ်ထဲလက်ထည့်ကာ
အပြင်ဘက်သို့ထွက်လာမိသည်
စိတ်ထဲတွင် မင်းခန့်ကိုမကျေနပ်...
ထိုစဉ် ရှေ့နားနီးနီးမှ လူသုံးလေးယောက်၏ အသံအချို့ကိုကြားရသဖြင့် ဘုန်းမိုး ခေါင်းထောင်မိသွားသည်

သူသိစေ🍁[Completed]Where stories live. Discover now