Part 14

1.1K 56 3
                                    

#Zawgyi

"သား....
သတိရလာပြီလား သားလေး"
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ လူနာကုတင်ပေါ်၌
4ရက်ခန့်မျှ အိပ်ပျော်နေသော
ဘုန်းမိုး၏ ရွှန်းစိုသော မျက်လုံးတို့ ဖြည်းဖြည်းချင်းပွင့်လာပြီဖြစ်၍
ဒေါ်မိမိဦး ဝမ်းသာစွာဖြင့်ခေါ်လိုက်သည်...

"သား...ဆရာဝန်သွားခေါ်"
အနား၌ အချိန်ပြည့်ရှိနေသော ဒေါ်ဝါဝါရွှန်းသည်လည်း ဘုန်းမိုးနိုးလာပြီဖြစ်သောကြောင့် ဝဏ္ဏ ကို ဆရာဝန်သွားခေါ်ခိုင်းလိုက်သည်

ခဏကြာသောအခါ ဝဏ္ဏ နှင့်အတူ ဆရာဝန်ရောက်လာပြီး
ဆရာဝန်သည် ဘုန်းမိုးအနားသို့ကပ်သွားကာ
"ကလေး...
သတိရလာပြီဆိုတော့...ဒီအန်တီဘယ်သူလဲသိလား"
ဆရာဝန်သည် ဒေါ်မိမိဦးကိုလက်ညှိုးထိုးပြလိုက်ခြင်းဖြစ်သည်
ဒေါ်မိမိဦးကိုကြည့်လိုက်သည်...

အရောင်လက်နေသော မျက်လုံးများကတစ်ဆင့်မြင်တွေ့ရသောသူကို
ဦးနှောက်မှ အဆုံးအဖြတ်ပေးလိုက်သောကြောင့် ဖျော့တော့နေသောနှုတ်ခမ်းများတစ်စုံမှ
"မေမေ..."
ဟူ၍ ဘုန်းမိုးခေါ်လိုက်သဖြင့် ဒေါ်မိမိဦးဝမ်းသာမျက်ရည်ဝဲရပြန်သည်

"အေး သားလေး... မေမေအနားမှာရှိတယ်နော်"

"ဒါဆို ဒီအန်တီကရော ဘယ်သူလဲ"
ဆရာဝန်သည် ဒေါ်ဝါဝါရွှန်းကို လက်ညှိုးထိုးကာ ဘုန်းမိုးကိုမေးလိုက်သည်

ဘုန်းမိုး ခေါင်းကိုဖြည်းဖြည်းချင်းခါကာ...
"သားမသိဘူး"

"နောက်ဆိုသိမှာပါ သားရယ်...."
ဒေါ်ဝါဝါရွှန်းထင်ထားသည့်အတိုင်း ဘုန်းမိုးမှာ သူမကိုမမှတ်မိသောကြောင့် စိတ်မကောင်းဖြစ်သွားရသည်...
မမှတ်မိနိုင်မှန်းသိလျက်နှင့် သူမ မျှော်လင့်ထားပါသေးသည်

"ဒါဆို ဒီကိုကိုကရော..."
ဆရာဝန်သည် ဝဏ္ဏ ကိုလက်ညှိုးထိုးကာထပ်မေးပြန်သောအခါ
ဘုန်းမိုး ဝဏ္ဏကို မည်သည့်အဓိပ္ပါယ်မှ မရှိသော မျက်လုံးတို့ဖြင့် ခဏကြာအောင်ကြည့်ပြီးသည့်နောက်...

"ဟင့်အင်း သားမသိဘူး"
ဘုန်းမိုး ဖြည်းဖြည်းချင်းအားယူပြီးပြောလိုက်သော
စကားလုံးမှာ ဝဏ္ဏ အတွက်အလွန်ပင်စိတ်ထိခိုက်ရတော့သည်
ငယ်စဉ်ကတည်းက အတူဆော့ကစားခဲ့ကြသော ဝဏ္ဏ သည်
ဘုန်းမိုးကို ညီလေးတစ်ယောက်လိုသာမက
မသိစိတ်က အရောင်ပါနေသော အချစ်များဖြင့်ချစ်နေခြင်းဖြစ်သည်ကိုသူကိုယ်တိုင် သတိထားမိသည်
ဘုန်းမိုးနှင့်သာ အနေနီးကပ်ခဲ့သော ဝဏ္ဏ အတွက် ဘုန်းမိုးသည်သာသူ့ဘဝအတွက် ပျော်ရွှင်မှုတစ်ခုဖြစ်ခဲ့သည်...

သူသိစေ🍁[Completed]Where stories live. Discover now