Part 13

1K 51 2
                                    

#Zawgyi

"ဖေဖေ...
တကယ်သွားတော့မှာလား သားတို့ကိုမထားခဲ့ပါနဲ့နော်...ဖေဖေ
သားကိုသနားပါ...သားတောင်းပန်ပါတယ်နော်"
ဘုန်းမိုး ဦးကျော်နိုင်ရှေ့တွင် ဒူးထောက်ကာ လက်အုပ်လေးချီပြီးငိုယိုကာတောင်းပန်နေရှာသော်လည်း ဦးကျော်နိုင်မှာ တစ်ချက်မကြည့်ဘဲ လှည့်ထွက်သွားတော့သည်

"ဖေဖေ....ဖေဖေ....
မေမေ ဖေဖေ့ကိုခေါ်ပေးပါ...သားတို့တူတူနေချင်လို့ပါ
ဖေဖေ...သားတို့ကိုမထားခဲ့ပါနဲ့ ဖေဖေ..."
အာခေါင်ကွဲမတတ် အသံကိုခြစ်ကာ အော်ခေါ်နေသောလည်း
ဒေါ်နုင်းဖြူမှာ ဦးကျော်နိုင်လက်မောင်းကိုဖက်ပြီး ကားပေါ်သို့တက်ကာ မောင်းထွက်သွားကြတော့သည်

"ဖေဖေ...."
ဘုန်းမိုး ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး အော်ကာငိုနေမိတော့သည်

"မိ ရယ်... ကလေးသနားပါတယ်
ဝါဝါ မကြည့်ရက်တော့ဘူး"
ဝဏ္ဏ ၏ အမေ ဒေါ်ဝါဝါရွှန်းမှာ ဘေးလူဖြစ်လျက်နှင့်ပင်
အရွယ်မတိုင်ခင် ဖခင်တစ်ဦး၏ စွန့်ပစ်ခြင်းခံရသော ဘုန်းမိုးကိုမကြည့်ရက်တော့ပေ...

ဒေါ်ဝါဝါရွှန်းမှာ ဝဏ္ဏ၏မိခင်ဖြစ်ပြီး
ဥပဒေအရာရှိဖြစ်သူ ဦးခင်မောင်၏ ဇနီးဖြစ်သည်...
ဥပဒေအရာရှိ အစိုးရဝန်ထမ်းဖြစ်သဖြင့် တစ်နယ်ပြီးတစ်နယ်သို့ခဏခဏပြောင်းရွှေ့ရသော်လည်း
ရန်ကုန်၌နေထိုင်ရသည်မှာ နှစ်နှစ်ကျော်ကြာမြင့်ပြီမို့
အိမ်ချင်းကပ်ရပ် ဖြစ်သော ဒေါ်မိမိဦးတို့နှင့် အလွန်ပင်ခင်မင်ရသည်

ဦးခင်မောင်မှာ အမှုကိစ္စတစ်ခုအတွက်
မန္တလေးသို့ ခရီးထွက်သည်မှာ နှစ်ပတ်ခန့်ရှိနေပြီဖြစ်သော်လည်း
ဘုန်းမိုးတို့မိသားစုကိစ္စကို သိရှိပြီးဖြစ်သည်...
ထို့ကြောင့် နစ်နာသူ ဒေါ်မိမိဦးအား ဦးကျော်နိုင်ကိုတရားစွဲခိုင်းသော်လည်း
သို့သော် ကာယကံရှင် ဒေါ်မိမိဦး၏ တောင်းဆိုချက်အရ ဦးကျော်နိုင်ကို တရားမစွဲခိုင်း၍သာ ဦးခင်မောင်နှင့် ဒေါ်ဝါဝါရွှန်းတို့ ငြိမ်နေရခြင်းဖြစ်သည်....
သူတို့ ဇနီးမောင်နှံမှာ ဦးကျော်နိုင်ကို ဖောက်ပြန်သည့်ကိစ္စနှင့် လုံးဝမကြည်လင်ကြပေ...

ဘုန်းမိုးနှင့်ဒေါ်မိမိဦးတို့ မည်မျှခံစားနေရသည်ကို
သိသော်လည်း ဒေါ်မိမိဦး၏ ပြတ်သားသောစိတ်ဓာတ်ကြောင့်
ကွာရှင်းလိုက်ခြင်းသာဖြစ်သည်ဟု ဒေါ်ဝါဝါရွှန်းသတ်မှတ်ထားတော့သည်

သူသိစေ🍁[Completed]Where stories live. Discover now