အပိုင်း - ၁🖤

157K 5K 373
                                    

ထိုနေ့ကကောင်းကင်ကြီးတွင်နေမင်းကြီးကတောက်နေသည်။ ရုတ်ချည်းဆိုသလိုမိုးများကရွာသွန်းချလိုက်သည်‌ကြောင့် လှပသောအရောင်ခုနှစ်ရောင်ရှိသည့်သက်တန့်‌လေးကထွက်ပေါ်လို့လာသည်။ ထိုနေ့ ထိုအချိန် ခုနှစ်ရက် ခုနှစ်လမှာ ကောင်လေးကိုမွေးဖွားခဲ့သည်။ သက်တန့်ပေါ်ထွက်လာချိန်မှာမွေးလို့သူ့နာမည်က"သက်တန့်ရောင်" ...။

သို့သော် သူ၏ဘဝသည်သက်တန့်ကြီးလိုတော့မလှပနိုင်ခဲ့ပါ။ မိခင်ဖြစ်သူကသူ့ကိုမွေးဖွားပြီးဆုံးပါးသွားခဲ့သည်။ ဖခင်ဖြစ်သူ၏လက်အောက်တွင်ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့ရသည်။ သို့သော် ဖခင်ဖြစ်သူသည်လည်းသက်တန့်ရောင်တက္ကသိုလ်ပထမနှစ်တက်နေစဉ် ယာဉ်မတော်မဆမှုဖြင့်ဆုံးပါးသွားရှာသည်။ ယခု သူတက္ကသိုလ်ဒုတိယနှစ်တွင်ပညာသင်ကြားနေသည်။ မိဘတွေရဲ့အမွေဖြစ်သည့် ကွန်ဒိုတွင်နေထိုင်သည်။ ညနေပိုင်းမှညပိုင်းအထိCity Mart Casher တွင်အချိန်ပိုင်းအလုပ်ဝင်လုပ်သည်။ စနေနဲ့တနင်္ဂနွေနေ့တွေမှာတော့Soul Myanmarတွင်အလုပ်ဝင်လုပ်သည်။ သူအလုပ်တွေလုပ်နေရသည့်အကြောင်းကား သူ၏စားဝတ်နေရေးနှင့် အစ်မဖြစ်သူ၏ဆေးရုံစရိတ်ကြောင့်ဖြစ်သည်။

မနက်ခြောက်နာရီနှိုးစက်ပေးထားသောကြောင့် နှိုးစက်မြည်လာသည်။ သူစောစောမထချင်ပေမဲ့ကျောင်းသွားရမည်ဖြစ်သောကြောင့် စောစောထရသည်။ ရေချိုးပြင်ဆင်မနက်စာစားပြီးအိမ်မှထွက်လာခဲ့သည်။ကမ္ဘာအေးလမ်းမကြီးပေါ်တွင်နေထိုင်သောကြောင့် ကားမှတ်တိုင်သို့သွားရသည်မှာလည်းအဆင်ပြေသည်။ ရှပ်အင်္ကျီအပြာအနုလေးနဲ့ပုဆိုးအနက်ကိုဝတ်ဆင်ပြီးကျောပိုးအိတ်ကိုတစ်ဖက်တည်းလွယ်ကာကားပေါ်တက်လိုက်သည်။ သူ့ဘေးနားတွင်လူတစ်ယောက်လာရပ်သည်။ သူ့ထက်အရပ်ရှည်လို့ သူတစ်ချက်မော့ကြည့်မိလိုက်သေးသည်။ ထိုလူ့ကိုကြည့်ရတာကားစီးရတာအဆင်မပြေဖြစ်နေသလိုတွေ့ရသည်။ သို့သော် သူ့နားထဲနားကြပ်ထိုးထည့်လိုက်ပြီးသီချင်းတွေနားထောင်ကာ အပြင်ဘက်သို့သာကြည့်နေလိုက်သည်။

"သက်တန့်!"

ကားပေါ်ကဆင်းတော့အနောက်ကနေလှမ်းခေါ်လိုက်သည့်အသံကိုသူကြားလိုက်သည် အနောက်ကိုလှည့်ကြည့်လိုက်တော့ အခန်းထဲမှမိန်းမချောလေးတစ်ယောက်ဖြစ်နေသည်။ ထိုမိန်းမချောလေးက စာအုပ်လေးတွေပိုက်ပြီး သူ့ဆီကို ခပ်မြန်မြန်လေးလျှောက်လှမ်းလာသည်။

Love Me Like You Do🖤Where stories live. Discover now