အပိုင်း - ၁၂🖤

29.8K 2.2K 127
                                    

တိမ်ယံ အလုပ်က​နေ​စော​စော​လေးပြန်လာလိုက်သည်။ အခုတစ်​လော ညဘက်တိုင်းသက်တန့်ကသူနဲ့အတူတူထမင်းစားဖို့​စောင့်​နေသည်။ ဒီ​နေ့လည်းသက်တန့်​စောင့်​နေရမှာစိုးလို့ သူ​စော​စော​လေးပြန်လာသည်။ အိမ်ကိုမြန်မြန်ပြန်ရောက်ချင်စိတ်ကများနေလို့ ကားကိုအရင်ထက်ပိုပြီးအရှိန်တင်ကာမောင်းလာသည်။ အိမ်​ရောက်တာနဲ့သူချစ်ရတဲ့လူသားလေးကိုသူခေါ်မိသည်။

"သက်တန့်​ရေ ကိုယ်ပြန်လာပြီ ... ကြောင်ပေါက်ကလေးရေ"

သူဘယ်လို​ခေါ်​ခေါ်အိမ်ကြီးကတိတ်ဆိတ်လို့​နေသည်။ ဒေါ်ကြီးကသူ့ရဲ့အခန်းထဲကနေအပြေးထွက်လာသည်။

"ဒီ​နေ့ပြန်လာတာ​စောလိုက်တာကွယ်"

"ဟုတ်တယ် ... သက်တန့်​ရော ဒီအချိန်ကြီးအိပ်​နေတာလား"

"သက်တန့်ကအ​ပေါ်ထပ်မှာရှိမယ်ထင်တယ် ... အိပ်ပျော်သွားတာကဒေါ်ကြီးပါ"

"​သြော် ကျွန်​တော်အ​ပေါ်တက်ကြည့်လိုက်ဦးမယ်"

အ​ပေါ်ထပ်ကို​​ခြေလှမ်းကျဲကြီး​တွေနဲ့တက်လာလိုက်သည်။ အခန်းတံခါးကိုဖွင့်လိုက်​တော့အခန်းထဲမှာသက်တန့်ကိုမ​တွေ့ရပါ။ ရေချိုးခန်းထဲကြည့်တော့လည်းမရှိပါ။

"သက်တန့်​ ကိုယ်ပြန်​ရောက်ပြီ ... ကိုယ့်ကိုလန့်​အောင်လုပ်မလို့ပုန်း​နေတာလား"

​ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ပြီး သူ့ရဲ့လူသား​လေးဆီကိုဖုန်း​ခေါ်လိုက်သည်။ ဖုန်းသံကအခန်းထဲကထွက်လာသည်။ ဖုန်းသံလာရာ​နေရာဆီကိုသူ​လျှောက်သွားလိုက်သည်။ စားပွဲ​ပေါ်ကဖုန်း​လေး၏မျက်နှာပြင်​ပေါ်မှာ "ကိုကို❤" ဆိုသည့်နာမည်လေးကိုတွေ့ရတော့ သူ့ရင်ထဲပန်း​တွေပွင့်သွားသည်။

"အဆိုးလေး ခေါ်ပါဆိုတော့မခေါ်ဘူး"

ဖုန်း​လေးကိုယူလိုက်​တော့ အောက်ကစာရွက်အဖြူလေးကိုသူတွေ့လိုက်သည်။ သူ​ခေါက်ထားတဲ့စာရွက်​လေးကိုဖြန့်ကြည့်လိုက်သည်။

အရာရာအားလုံးအတွက်​ကျေးဇူးတင်ပါတယ် ... ကျွန်​တော့်ကိုလိုက်မရှာပါနဲ့ ...

Love Me Like You Do🖤Where stories live. Discover now