အပိုင်း - ၅🖤

40.5K 3.4K 100
                                    

အဖြူရောင်ဂျူတီကုဒ်ကလေးနဲ့နားကြပ်လေးကိုဂုတ်ပေါ်သို့တင်ထားသည့်ဆရာဝန်လေးတစ်ယောက်လမင်းဖြူ၏အခန်းထဲသို့ဝင်လာသည်။ ထိုဆရာဝန်လေးဝင်လာသည်နှင့်သက်တန့်ရောင် မမဘေးနားတွင်ထိုင်နေရာမှထကာအပြုံးလေးနဲ့နှုတ်ဆက်လိုက်သည်။

"ဒေါက်တာ့ဂျူတီလား"

"ဟုတ်ပါသတဲ့ဗျာ ... သက်တန့်ရဲ့မမအခန်းဖြစ်လိမ့်မယ်လို့ထင်တောင်မထင်ထားဘူး"

မမရဲ့အသက်ကိုဆက်ထားသည့်ဆေးပိုက်တွေ ဆေးတွေကိုစစ်နေရင်းနဲ့ သက်တန့်ရောင်ကိုစကားပြောနေသည် ။

"ဟုတ်တယ်ဒေါက်တာ ... နည်းနည်းပြောင်းလဲသွားတာလေးတွေရှိလို့ပါ"

"ဒီလိုဆေးရုံရဲ့ ဒီလိုအခန်းထဲမှာဆေးကုနေရတာဆိုတော့ ညီ့ရဲ့မမပြန်ကောင်းလာမှာကျိန်းသေပဲ ... အားတင်းထားနော်"

သက်တန့်ရောင်ရဲ့ကော်ဖီရောင်ဆံနွယ်ပျော့ပျော့လေးတွေကိုဖွပစ်လိုက်သည် ။

"ဟုတ်ကဲ့ပါဒေါက်တာ"

"တောက်! စောစောစီးစီးကွာ ... မြင်ကွင်းမကောင်းလိုက်တာ"

သူတို့နှစ်ယောက်ရဲ့မြင်ကွင်းကိုမြင်ပြီး တိမ်ယံဒေါသထွက်လာလေသည်။ ဆရာဝန်ကိုစေ့စေ့စိုက်ကြည့်ပြီးမဲ့ပြုံးပြုံးလိုက်သည် ။

"မင်းကဒီအခန်းကိုဘာဝင်လုပ်နေတာလဲ"

"မင်းမြင်နေတယ်မလား ... ငါကလူနာလာကြည့်တာလေ ... ဆရာဝန်ကလူနာလာကြည့်တာ ဆန်းလား"

သက်တန့်ရောင် အလယ်မှာရပ်နေပြီး သူတို့နှစ်ဦးကိုနားမလည်သလိုလေးကြည့်နေလေသည်။

"ဇန်! မင်းအဲ့နေရာမှာရပ် ... "

တိမ်ယံ့ရဲ့စကားကြောင့် တိမ်ယံ့ကိုကျောခိုင်းလျက်ရပ်နေလိုက်သည်။

"ငါပိုင်ဆိုင်တာတွေကိုထိဖို့မကြိုးစားနဲ့ ... မင်းတို့သားအဖတွေ ငါနဲ့ခပ်ဝေးဝေးနေပေးကြပါ"

ဇန်သည် တိမ်ယံ့ကိုစိုက်ကြည့်ကာဘာမှမပြောဘဲပြန်ထွက်သွားသည် ။

"ခင်ဗျားကြီး ဘာဖြစ်နေတာလဲ ... လူနာလာကြည့်ပေးတဲ့ဆရာဝန်ကို ဆေးရုံပိုင်ရှင်ဆိုပြီးအနိုင့်ကျင့်နေတာလား"

Love Me Like You Do🖤Where stories live. Discover now