အပိုင်း - ၂၄🖤

26.4K 1.5K 56
                                    

တိမ်ယံတစ်ယောက်ကုတင်​ပေါ်တွင်ထိုင်ပြီး စာအုပ်ဖတ်နေသည်။ ကြောင်ပေါက်လေးကအောက်ထပ်ကနေပြေးတက်လာသည်။ အခန်းထဲဝင်လာတဲ့​ကြောင်​ပေါက်​လေးရဲ့မျက်နှာ‌လေးကဆူပုတ်ပုတ်လေးဖြစ်‌နေပြန်သည်။ သူ့​ဘေးနား​ရောက်လာပြီး သူ့လက်မောင်းကိုလက်ညှိုးလေးနဲ့လာတို့သည်။ သူလှည့်ကြည့်လိုက်​တော့သူ့ဖုန်း​လေးကိုဖွင့်ပြသည်။ ပေ့ချ်တစ်ခုမှာသူ့ပုံတွေကအများကြီးပြန့်နေသည်။

"ကိုယ့်ကိုတစ်ခုခုပြောချင်လို့လား"

ဖုန်းထဲကပုံတွေပြပြီး ဘေးနားမှာသူ့ကိုပြူးကြောင်ကြောင်လေးကြည့်ကာထိုင်နေသည်။ မျက်နှာလေးကလည်းတစ်ခုခုပြောချင်နေသည့်ဟန်ဖြစ်နေသည်ကြောင့် တိမ်ယံစကားစလိုက်သည်။

"ကိုကို့ရဲ့ပုံ​တွေအဲ့လိုပြန့်​နေတာကြီးကို ကျွန်တော်မကြိုက်ဘူး"

တိမ်ယံကဖတ်‌နေသည့်စာအုပ်ကိုပိတ်လိုက်ပြီး ဘေးနားကစားပွဲ​လေး​ပေါ်မှာတင်ထားလိုက်သည်။ ကုတင်ပေါ်ကနေခြေထောက်ချလိုက်ပြီး သက်တန့်ကိုဆွေ့ခနဲပေါင်ပေါ်သို့တင်လိုက်ပြီးခွထိုင်စေလိုက်သည်။

"ဘာလို့လဲက​လေးရဲ့"

"ဒီမှာကြည့်ဦး ကိုကိုအပြင်သွားတဲ့ပုံ​တွေပါရိုက်ထားကြတယ် ... ကိုကိုအပြင်သွား‌တာတောင်လွတ်လွတ်လပ်လပ်မသွားရတော့ဘူးလား ... ပြီးတော့ ကောင်မလေးတွေရေးထားတဲ့စာသားတွေကလည်း သူတို့ဘဲဆိုတာချည်းပဲ ... ဒီလိုကိစ္စတွေအထိသဝန်မတိုသင့်တာဟုတ်ပေမဲ့လေ ကျွန်​​တော်မကြိုက်ဘူး"

"က​လေးမကြိုက်တာကိုကိုသိပါတယ် ... သူတို့​တွေလုပ်ထားတာကကိုယ်တို့ကိုဘာမှမထိခိုက်တဲ့အရာဆို​တော့ ကိုယ်သွား​ပြောလို့ဘယ်ကောင်းပါ့မလဲ ... အရမ်းဆိုးရွားလာပြီဆိုမှကိုယ်ပြောလိုက်မယ် ... ကြည့်ပါဦး ကိုယ့်က​လေးကသဝန်တွေတိုနေတာ မောနေရပြီ"

သက်တန့်ကတိမ်ယံ့လည်ပင်းကိုဖက်ထားလိုက်ပြီး ပုခုံးပေါ်မှာခေါင်းလေးမှီထားလိုက်သည်။

"ကိုကိုနေလို့ကောင်းရဲ့လားဟင် ... ဆေးစစ်ထားတာကလည်း ကျွန်တော်နဲ့ဘာလို့မကိုက်ညီရတာလဲမသိဘူး"

Love Me Like You Do🖤Where stories live. Discover now