အပိုင်း - ၂၂🖤

25.4K 1.6K 119
                                    

"မမရဲ့မောင်လေး ဘာလို့အဲ့လောက်တောင်အကြာကြီးအိပ်နေရတာလဲ ... မမကမောင်လေးတို့လက်မှတ်ထိုးပွဲကိုမလာလို့ စိတ်ကောက်နေတာလား ... မမကမောင်လေးတို့ရဲ့ပွဲကြီးကိုတက်ဖို့ပြင်ဆင်နေရလို့ပါ ... မမကမောင်လေးတို့ပွဲကိုတက်မှာလေ ... ကလေးလေးရယ် ထပါတော့ကွယ် ... မမလမ်းလည်းလျှောက်နိုင်နေပြီလေ"

"မမ ခဏအနားယူလိုက်ပါဦး ... အစ်ကိုတိမ်ယံရောက်လာရင် သရဖီ့ကိုဆူလိမ့်မယ် ... သရဖီ မမအတွက်နေ့လယ်စာလေးလုပ်လာပေးတယ် ... အရင်စားလိုက်ရအောင်နော်"

"အင်းပါ"

လမင်းဖြူလည်းသက်တန့်အနားကတဖွားမှမခွာဘဲနေချင်ပါသော်လည်း သူမ၏ကျန်းမာရေးကြောင့်တိမ်ယံကအနားယူရန်သာတိုက်တွန်းသည်။ သူမအတွက် သက်တန့်အရင်ကွန်ဒိုအိမ်မှာလေ့ကျင့်ခန်းလုပ်ရန်နေရာလေးလုပ်ပေးထားပြီး အနားယူစေသည်။ လမင်းကတိမ်ယံတို့နဲ့အတူတူမနေဘဲ သူမတစ်ယောက်တည်းနေချင်သည်ဟုပြောလာ၍ ထားပေးထားခြင်းဖြစ်သည်။

"အိပ်နေတုန်းပဲလားကြောင်ပေါက်လေးရေ"

ဒီ​နေ့ဆို သူ့ကလေးအိပ်ပျော်နေတာ၁၇ရက်ရှိသွားပြီ။ အခုထက်ထိဘာမှမထူးခြားလာ​သေးပါ။ နှာခေါင်းမှတစ်ဆင့်ပိုက်ဖြင့်အစာထည့်သည့်အချိန်ဆို သက်တန့်ရုန်းကန်သည်။ အစာ
ထည့်လို့​အောက်ဆီဂျင်ခဏဖြုတ်တဲ့အခါဆိုသူ့က​လေးခင်ဗျာ ပါပါးစပ်ကလေးဟဟပြီးအသက်ရှူနေရသည်။ သူဒါကိုမြင်နေရတာမီးထဲအရှင်လတ်လတ်ရောက်နေရသလိုပင်။ ရုတ်တရက်ဆေးပိုက်တွေဆွဲဖြုတ်တတ်သည်။ တချို့လူနာတွေဆို ဒီလိုရုန်းလို့ခြေထောက်တွေလက်တွေကိုဖိထားပေးကြသည်။ ဒါ​ပေမဲ့ တိမ်ယံကသူ့ကလေးကိုဒီလိုလုပ်တာတွေမကြိုက်လို့မလုပ်ဘူး။ ဖြစ်လာရင်သူကိုယ်တိုင်ဘဲချုပ်ထားလိုက်သည်။ သူ့ကလေးကိုစာအုပ်တွေဖတ်ပြသည်။ သီချင်းအေးအေးလေးတွေဖွင့်ပေးသည်။ ညတိုင်းဂစ်တာလည်းတီးပြသည်။ အလုပ်​တွေကိုလည်းဇာနည့်ကို​ဆေးရုံသို့လာပို့ခိုင်းသည်။ သူဒီက​နေပဲစီမံခန့်ခွဲသည်။ သူ့က​လေး​ဘေးနားမှာသာ သူအချိန်ပြည့်ရှိနေပေးသည်။ တရားရုံးကိုသွားရတဲ့အချိန်တွေဆို သရဖီနဲ့ထားခဲ့ရသည်။ သူ့က​လေးအတွက်တရားမျှတမှုကိုလည်းသူယူပေးချင်သေးသည်။

Love Me Like You Do🖤Where stories live. Discover now