အပိုင်း - ၂၁🖤

23.7K 1.6K 63
                                    

"​မေ​မေ ... မေမေ ... မေမေ"

သူ၏​ဘေးပတ်ပတ်လည်ကအဖြူ​ရောင်များဖြင့်ပြည့်နှက်လို့နေသည်။ အရှေ့တည့်တည့်တွင် သူ'မေမေ'လို့ခေါ်နေသည့်အမျိုးသမီးကရပ်နေသည်။ ထိုအမျိုးသမီးက​သူ့ကိုပြုံး၍ကြည့်နေသည်။ သူကလည်း '​'မေမေ"လို့ဆက်တိုက်ခေါ်နေသည်။

"​သား ... မေမေတို့နဲ့လာနေတော့နော် ... မေမေ့သားလေးပင်ပန်းနေရပြီ"

"သားငယ် ဖေဖေတို့နဲ့အတူနေနော်"

သူ့ဘေးနားတွင် ဖေဖေနဲ့မေမေဟူသောလူနှစ်ယောက်ရပ်နေသည်။ ​သူလည်းအမျိုးသမီးဆီကိုပြေးသွားရန်ဟန်ပြင်လိုက်သည်။

"က​လေး ကိုယ့်ကိုကြည့်ပါဦးကွာ ... က​လေး သတိထားပါဦး ... ကိုယ့်ကိုမထားခဲ့ပါနဲ့ကွာ"

သူ ​အသံကိုသာကြားနေရသည်။ အသံပိုင်ရှင်ကို​တော့သူရှာမ​တွေ့ပါ။ သူသွားရန်ပြင်နေသည့် သူခြေလှမ်းတွေရပ်တန့်ကုန်သည်။

"သားငယ် မေမေ့ဆီလာလေ ... မေမေတို့အတူနေကြမယ်လေနော်"

"က​လေး အိပ်မ​ပျော်သွားနဲ့​နော် ... ကိုယ်က​လေးကိုရ​အောင်ကယ်မယ်"

"ကိုကို!"

သူ၏လက်​ပေါ်တွင်​ သွေးအလိမ်းလိမ်းတို့‌ပေကျံနေသည်။ သူ့ကလေး၏ခေါင်းကထွက်လာသည့်သွေးနီနီရဲရဲများသည်ဘယ်လိုမှထိန်းမရပါ။ သူ့ရှပ်အင်္ကျီအဖြူကအနီ​ရောင်သို့ပြောင်းတော့မည်။ သူလည်းဆရာဝန်တစ်​ယောက်​ပေမို့ ကလေးရဲ့အခြေအနေကိုသူသိသည်။

"မြန်မြန်​မောင်းကြပါ"

​သူ့က​လေးကိုရင်ခွင်ထဲမှာပိုက်ထားပြီး ခေါင်းမထွက်လာသည့်သွေးတွေကိုအင်္ကျီတစ်ထည်နဲ့ထိန်းထား​သော်လည်း သွေးစက်များကကားထဲတွင်တ​တောက်​တောက်ကျ​နေသည်။ ကားအရှိန်ကအရမ်းပြင်းသည်။ ကားကအဝေးမှာမို့ လွတ်သည်ကြောင့်သူလမ်းကူးပေမဲ့ ကားကအရှိန်ဖြင့်ပြေးဝင်လာသည်။ သူ့အစားဝင်ခံလိုက်သည့်သက်တန့်သည် လူတစ်ကိုယ်လုံးလေပေါ်ကိုမြောက်တက်သွားပြီးမှ ကားပေါ်သို့ပြန်ကျကာလမ်းမ​ပေါ်ပြုတ်ကျခြင်းပင်။ ဆရာဝန်များကသူ့က​လေး​ဘေးနားမှာဝိုင်း​နေသည်။ သူ့က​လေးအနားကိုသူကပ်ခွင့်မရှိ။ သူအပြင်ဘက်ကသာစောင့်ကြည့်နေရသည်။ သူ​ခြေ​ထောက်​တွေမခိုင်​တော့ပါ။ သူလည်းသက်တန့်ကတွန်းလိုက်တာကြောင့် လက်နဲ့ခြေထောက်တွေမှာပွန်းပဲ့ဒဏ်ရာတွေရထားသည်။ ဒါ​တွေကိုသူမသိဘူး။ သူနာရကောင်းမှန်း သူမသိဘူး။

Love Me Like You Do🖤Where stories live. Discover now