အပိုင်း - ၂🖤

52.1K 3.6K 43
                                    

သက်တန့်ရောင် အိပ်ရာထကာစအချိန်တွင် အခန်းဘဲလ်ကိုလာတီးသံကြောင့် သူတံခါးမဖွင့်ခင်အရင်မေးလိုက်သည်။

"ဘယ်သူလဲ!"

"စာပို့သမားပါခင်ဗျာ့"

ပြန်ဖြေသူကစာပို့သမားဆိုတော့ သူတောင်ကြောင်တောင်တောင်ဖြစ်သွားရသည်။ ဒီလိုခေတ်မှာစာပို့တဲ့သူကရှိသေးတာလား။ ဘယ်သူကသူ့ဆီကိုစာပို့လိုက်တာလဲ။ တောတွေမှာတောင်ဖုန်းတွေရှိနေပြီကို စာပို့တဲ့လူကဘယ်လိုရောက်လာတာလဲ။ အတွေးကောင်းနေတုန်း အခန်းရှေ့ကစာပို့သမားညောင်းနေတော့မည့်အရေးကိုအားနာပြီး တံခါးကိုဖွင့်လိုက်သည်။

"သက်တန့်ရောင်ဟုတ်ပါတယ်နော်"

"ဟုတ်ပါတယ်ခင်ဗျာ့"

"ဒီမှာစာလေးပါ ... ဒါကနှင်းဆီပန်း ... ဒါကအချိုရည်ဗူး ... ဒီမှာလက်မှတ်လေးထိုးပေးပါနော်"

"ဘယ်သူကပို့လိုက်တာလဲဟင်"

"ဒါကတော့ ကျွန်တော်တို့အလုပ်တာဝန်အရပို့တဲ့သူကမပြောစေချင်လို့ပြောပြလို့မရလို့ပါ"

စာပို့သမားလား ပစ္စည်းပို့သမားလားတောင် မသဲကွဲလောက်
အောင်ကို ပစ္စည်းတွေပါအများကြီးပါလာသည်။ စာအိတ်လေးကလည်းရေမွှေးရနံ့သင်းသင်းလေးမွှေးနေသည်။ နှင်းဆီပန်းအနီရောင်လေးကလည်းအပွင့်ကြီးပြီး အနံ့လေးကသင်းနေသည်။ အအေးထည့်ပေးထားသည့်ဗူးလေးကလည်းသက်တန့်လေးတွေနဲ့ပုံဖော်ထားသည်။ ပစ္စည်းလေးတွေကိုကြည့်ပြီးသက်တန့်ရောင်ပြုံးမိသွားသည်။ လက်မှတ်ထိုးပေးလိုက်ပြီးပစ္စည်းလေးတွေယူကာအိမ်ထဲသို့ပြန်ဝင်လိုက်သည်။ စာအိတ်ကလေးကလည်းသက်တန့်လေးတွေနဲ့ရေးဆွဲထားသည်။ အထဲကစာလေးကိုထုတ်ကြည့်လိုက်သည်။ စာရွက်ကိုသေးသည်ထက်သေးအောင်ထည့်ပြီးခေါက်ထားသည်။ စာရွက်ကိုသေချာဖြန့်ကြည့်လိုက်တော့ သူကားပေါ်မှာအိပ်ငိုက်နေသည့်ပုံလေးကိုဆေးရောင်တွေနဲ့သေချာခြယ်ပြီးဆွဲထားသည့်ပုံလေးဖြစ်နေသည်။ နှင်းဆီပန်းလေးကိုလည်းသူမွှေးကြည့်လိုက်သေးသည်။ အအေးကိုလည်းသူနည်းနည်းသောက်ကြည့်လိုက်သည် ။

"ငါ့ကိုဘယ်သူကပို့နေပြန်ပြီလဲ ... လူကိုဘာလို့အထင်သေးနေကြတာလဲမသိဘူး"

Love Me Like You Do🖤Where stories live. Discover now