အပိုင်း - ၁၅🖤

29.6K 2K 96
                                    

သူနာပြုအခန်းထဲသို့ဝင်လာသည့်အခါ ကုတင်ပေါ်မှပြုတ်ကျ၍ကြမ်းပြင်ပေါ်သို့ရောက်နေသောလမင်းဖြူကိုတွေ့လိုက်ရသည်။

"ဟယ် လမင်း ... ဘယ်လိုဖြစ်ရတာလဲ"

လမင်းသည်စကားတွေဗလုံးဗထွေးဖြင့် တံခါးပေါက်ကိုလက်ညှိုးထိုးရင်းပြောနေသည်။

"လမင်း ဘာပြောတာလဲ ... သေချာလေး ဖြည်းဖြည်းချင်းပြော"

"သက် ... တန့် ... လူ ... ဆိုး ... ခေါ် ..."

"ဟမ် ... ‌သက်တန့် ဟုတ်လား ... လူဆိုးကဘာ ... ဗု‌ဒ္ဓေါ ... သက်တန့်ကိုဖမ်းသွားတာလား"

လမင်းဖြူသည် တစ်ကိုယ်လုံးတုန်ရီပြီးမျက်ရည်တွေနဲ့ခေါင်းညိတ်ပြသည်။

"ကိုတိမ်ယံ့ကိုပြောပေးမယ်နော် ... စိတ်ကိုအေးအေးထားနော်"

"မင်း ... ထက် ... မင်း ... ထက် ..."

လမင်းဖြူသည် စကားကိုတစ်လုံးချင်းစီသေချာအားယူပြီးပြောနေရသည်။ စိတ်လှုပ်ရှားသည်ကလူနာအတွက်မကောင်းသည်မို့ လမင်းဖြူကသူနာပြုကစိတ်ငြိမ်ဆေးထိုးပေးလိုက်သည်။

"ကြောင်ပေါက်လေးရေ ကိုယ်ရောက်ပြီ"

တိမ်ယံကသစ်သီးခြင်းကြီးဆွဲပြီး ရောက်လာသည်။ အခန်းထဲကနေပြေးထွက်လာသည့်သူနာပြုနဲ့တိုက်မိလေတော့သည်။

"ကိုတိမ်ယံ သက်တန့်ကိုလူဆိုးကဖမ်းခေါ်သွားတယ်လို့ လမင်းကပြောတယ်"

"ဟမ်! ဘယ်ကလူဆိုး ... တောက်! ဦးခင်မောင်ဇန် ခင်ဗျား ..."

"မဟုတ်ဘူး ... လမင်းကမင်းထက်ဆိုတဲ့နာမည်ကိုပဲရွတ်နေတယ်"

"ခွေးမသား!"

သစ်သီးခြင်းကြီးကိုပစ်ချခဲ့ပြီး ဆေးရုံထဲမှပြေးထွက်လာခဲ့သည်။ ဖုန်းကိုထုတ်ပြီးကြည့်လိုက်သည်။

"ခွေးမသား မင်းကိုအသေသတ်ပစ်မယ်"

မင်းထက်သည်ကုတင်ပေါ်တွင်အိပ်ပျော်နေသည့်သက်တန့်ကိုကြည့်ပြီး ပြုံးနေသည်။ တဖြည်းဖြည်းနဲ့သက်တန့်ရဲ့မျက်လုံးလေးတွေပွင့်လာသည်။

"ခင်ဗျား ဘာလုပ် ... အား"

ရုတ်တရက်ငုတ်တုပ်ထထိုင်လိုက်ပြီး ပြေးမည်လုပ်သည့်သက်တန့်သည် လက်တွင်ချည်နှောင်ထားသည့်သံကြိုးများဖြင့် ဆောင့်ဆွဲသလိုဖြစ်ပြီး ကုတင်ပေါ်သို့ပြန်လဲကျသွားရသည်။

Love Me Like You Do🖤Where stories live. Discover now