အပိုင်း - ၁၆🖤

28.1K 2K 124
                                    

အပြင်ဘက်တွင်နေမင်းကြီး၏ရောင်ခြည်များကထိန်လင်းနေပါသော်လည်း တစ်အိမ်လုံးကမှောင်မဲပြီးတိတ်ဆိတ်လို့နေသည်။ အိမ်ကြီးထဲမှခန်းဆီးလိုက်ကာများက နေမင်းကြီး၏ရောင်ခြည်ကိုကာကွယ်ထားလေသည်။ တိမ်ယံနဲ့သက်တန့်တို့အိပ်ပျော်နေစဉ်တွင် စားပွဲပေါ်မှဖုန်းမြည်လာသည်။  သက်တန့်နိုးသွားမည်ကိုစိုးရိမ်၍ စားပွဲပေါ်ကဖုန်းကိုမြန်မြန်လှမ်းယူပြီးကိုင်လိုက်သည်။

"ကိုတိမ်ယံ! ကျွန်တော်ဒီလောက်အတန်တန်မှာတာတောင်ဖြစ်ရသေးတာလား"

ဖုန်းထဲမှအသံကျယ်ကြီးကြောင့် ဖုန်းနဲ့နားကိုအနည်းငယ်ခွာထားလိုက်ရသည်။

"တိုးတိုး​ပြောပါကွာ ... သက်တန့်အိပ်နေတုန်"

"​သြော် ... သြော် ... ဟုတ်ပါပြီ ... ဆေးကိုပုံမှန်မသောက်ဘူးလို့ ကိုဇာနည်ဆီကပြန်သိရတယ် ... အဲ့တာဘယ်လိုဖြစ်ရတာလဲ ... ဆေးမသောက်တော့အန်တယ်မလား"

"အဲ့တာက သက်တန့်သေရေးရှင်ရေးနဲ့ရင်ဆိုင်နေရတဲ့နေ့ ... ငါကဘယ်လိုစိတ်နဲ့​ဆေး​တွေ​သောက်ဖို့သတိရဦးမှာလဲ ... ငါ့ဘဝမှာ သက်တန့်ထက်အရေးကြီးတာမရှိဘူးဟိန်းလေးရဲ့"

"ဟူး ... ပြောရတာမောလိုက်တာ"

"ငါ​ပြောတာ​တွေကိုနားလည်ရဲ့လား ... မင်းကအက်ဖ်ဖေဆိုတော့လေ ..."

"ခင်ဗျားဘာသာ သေချင်သေရှင်ချင်ရှင် ... ကျွန်တော်ဂရုမစိုက်တော့ဘူး ... ဒါပဲ"

ဟိန်းလေးတစ်ယောက်ဒေါသပုန်ထပြီးဖုန်းချသွား​လေသည်။ တိမ်ယံက ဟက်ဟက်ပက်ပက်ရယ်နေသည်။ သူဖုန်းကနာရီကိုကြည့်လိုက်တော့ ရှစ်နာရီပင်ဖြစ်နေလေပြီ။ သူအလုပ်သွားဖို့ထရတော့မည်။ သူ့လက်​မောင်း​ပေါ်​ခေါင်းအုံးအိပ်​နေသည့်လူသားလေး၏ခေါင်းကိုအသာအယာလေးမတင်လိုက်ပြီး သူ့ခါးကိုဖက်ထားသည့်လူသား​လေး၏လက်က​လေးကို​ ဘေးနားအသာလေးချထားလိုက်သည်။ အခန်းထဲကလိုက်ကာ​တွေကို လိုက်ဖွင့်လိုက်သည်။ အပြင်မှာ​နေက​တော်​တော်ပူ​နေပြီဖြစ်သည်။ သူရေချိုးဖို့အတွက်ရေချိုးခန်းထဲဝင်သွားလိုက်သည်။ သူရေပန်းအောက်မှာမတ်တပ်ရပ်ရင်း သူကိစ္စအချို့ကိုစဥ်းစားနေသည်။

Love Me Like You Do🖤Where stories live. Discover now