အပိုင်း - ၁၉🖤

25.1K 1.6K 48
                                    

တိမ်ယံနှင့်သက်တန့်တို့အလုပ်မှပြန်လာကြသည့်အခါ အိမ်တစ်အိမ်လုံးကရှုပ်ပွ​နေသည်။ ပစ္စည်း​တွေကလည်းဟို​နေရာပြန့်ကျဲ ဒီ​နေရာပြန့်ကျဲနဲ့ တစ်ခုခုကိုရှာ​ဖွေသွားကြဟန်တူသည်။

"အိမ်ထဲကိုဘယ်သူတွေဝင်သွားတာလဲ"

"ကိုယ်တို့ရဲကိုအ​ကြောင်းကြားမှဖြစ်မယ်"

"အဲ့တာ မင်းထက်ပဲဖြစ်မယ် ... သူကကျွန်တော့်ကိုလိုချင်နေတာလေ"

"ကိုယ်မေးရဦးမယ် ... မင်းထက်ရဲ့အားနည်းချက်ကိုကိုင်ထားလို့လား ... မင်းထက်လိုလူမျိုးကတစ်ခုခုလုပ်ချင်ရင် အသာလေးလုပ်လိုက်လို့ရတယ် ... ဒါပေမဲ့ မင်းကိုတော့ သူမထိဘူး"

"ကျွန်တော်ပြောပြမယ် ... ကျွန်တော်နဲ့သူနဲ့တွဲခဲ့တုန်းကသူ့မှာစက်ရုံတွေအများကြီးရှိတယ် ... ဘာတွေလုပ်လဲဆိုတာတော့ ကျွန်တော်သေချာမသိခဲ့ဘူး ... မမကိုနိုင်ငံခြားမှာဆေးကုဖို့ကိစ္စဖြစ်တုန်းကသူ့ရုံးခန်းကိုသွားခဲ့တာ အဲ့မှာ သူမှောင်ခိုလုပ်တာကိုကြားလာခဲ့တာ ... အဲ့တော့ ကျွန်တော်ကစက်ရုံတွေအကြောင်းကိုလည်းသိနေတယ်ဗျာ သူမှောင်ခိုလုပ်တာလည်းသိနေတယ်ဆိုတော့ သူလန့်မှာပေါ့ ... ပြီးတော့ ကျွန်တော့်ကိုလည်းလိုချင်နေတော့ သူခက်နေမှာပေါ့ ... အဲ့တာကြောင့် အခုလိုအိမ်ကိုလာပြီးသတိပေးသွားတာနေမယ်"

"ဒါဆို ဟိုတစ်ခေါက်ကဖမ်းတာကလည်း အဲ့ကိစ္စကြောင့်ပေါ့"

"အင်း ကျွန်တော့်ကိုကိုကိုပေးထားတဲ့Foot-chainလေးကသူ့အခန်းအရှေ့မှာကျကျန်နေခဲ့တော့ သူသိသွားတာ"

"ကလေးရယ် ဒါတွေဘာလို့မပြောခဲ့တာလဲ ... ကိုယ်လည်းမင်းကိုမမေးမိဘူး ... ကိုယ်လစ်ဟာသွားတယ်"

"ရပါတယ် ... အခု ပွနေတဲ့ပစ္စည်းတွေရှင်းကြတာပေါ့"

"အင်း"

အင်္ကျီလက်တွေကိုခေါက်တင်လိုက်ပြီး ပြန့်ကျဲနေသည့်ပစ္စည်းတွေတစ်ခုချင်းစီလိုက်ကောက်ကာ သူ့နေရာတကျအစီအရီပြန်ထားရသည်။ အိမ်တံခါးကိုပြင်ဖို့အတွက်လည်း လူခေါ်လိုက်ရသည်။ အိမ်မှာဘယ်အလုပ်သမားမှမထားတော့ဘဲ အကုန်လုံးကိုလျော်ကြေးပေးပြီး ပြန်လွှတ်လိုက်သည်ကြောင့် အိမ်တွင်သူတို့နှစ်ယောက်ကလွဲပြီးမရှိတာ အခုလိုအခြေအနေတွင်ပိုကောင်းသွားသည်ဟုဆိုရမည်။

Love Me Like You Do🖤Where stories live. Discover now