အပိုင်း - ၂၃🖤

24.5K 1.6K 50
                                    

"​ယေး ပျော်စရာကြီး ... ဆေးရုံဆင်းရပြီ"

"အဲ့လောက်တောင်ပျော်တာလား"

"အင်း အရမ်း အရမ်းပျော် ... မမဆီအရင်သွားမယ်နော် ... မမကိုတွေ့ချင်နေပြီ"

"အင်းပါ"

​ဆေးရုံဆင်းလာရလို့ကား​ပေါ်မှာပျော်မြူးနေတဲ့သူ့ကြောင်ပေါက်လေး။ ခေါင်းစွပ်က​လေးစွပ်ထား​တော့ တကယ့်ကလေးလေးအတိုင်းပင်ဖြစ်‌နေသည်။ သူက​တော့ပစ္စည်း​တွေကား​နောက်ခန်းထဲထည့်ရင်းအလုပ်ရှုပ်​နေသည်။ ကားထဲမှာထိုင်​နေရင်း​ ပျော်မြူးနေသည့်ကြောင်ပေါက်လေးကိုကြည့်ရတာသူ့ဆီပါအ​ပျော်​တွေကူးစက်လာသည်။

"​ကြောင်​ပေါက် ငြိမ်ငြိမ်​နေမယ် ... ခေါင်းကိုအရမ်းမလှုပ်ရှားရဘူးလေ"

"အာ ... ကိုကိုကလည်းကျွန်​တော်မှဘာမှမဖြစ်တာ"

Chu ~~

အ​နောက်က​နေ​ကြောင်​ပေါက်​ဘေးနားကို​ရောက်လာပြီးပါးပြင်​ဖောင်း​ဖောင်းအိအိက​လေးကို​မွှေးကြူပစ်လိုက်သည်။ ထိုင်ခုံခါးပတ်ပတ်​ပေးရင်း ကျန်​နေသည့်ပါး​ဖောင်း​ဖောင်းအိအိက​လေးကိုထပ်မံ​မွှေးကြူပစ်လိုက်သည်။

Chu ~~

"အင်း မနက်ခင်းအတွက်​တော့အားရှိသွားပြီ ... ဒီမှာခဏ​လေး​နေခဲ့ဦး​နော် ... ကိုယ်ရုံးခန်းထဲမှာစာရွက်​တွေကျန်ခဲ့လို့"

"ကျွန်​တော်လည်းလိုက်မယ်​လေ ... ကိုကို့​ဆေးရုံကရုံးခန်းအသစ်ကိုကျွန်​တော်မ​ရောက်ဖူး​သေးဘူး"

ထိုင်ခုံခါးပတ်ကိုပြန်ဖြုတ်ပြီးခပ်တည်တည်နဲ့ကား​ပေါ်ကဆင်းလာတဲ့​ကြောင်​ပေါက်​လေး။ သူလေးကသွားဖို့အဆင်သင့်ဖြစ်နေပြီ။တိမ်ယံကလက်တွဲဖို့ကြောင်ပေါက်လေးကိုလက်ကမ်းလိုက်သည်။ သူ့လက်ထဲကိုကြောင်ပေါက်ရဲ့လက်ကလေးရောက်လာသည်။ ​​ကြောင်​ပေါက်​လေးရဲ့လက်ကိုတွဲပြီး​ဆေးရုံထဲသို့ပြန်ဝင်လာသည်။ သူ့ရုံးခန်းအသစ်က​ဆေးရုံကို​ကျော်ပြီးလာရသည်။ ဆေးရုံ၏အ​နောက်ဘက်မှာမှန်​တွေနဲ့ကာထားသည့်တိုက်က​လေးတစ်တိုက်ရှိ​နေသည်။ မမှန်တွေကအနက်တွေဆိုတော့အထဲကိုမမြင်ရ။ ကြောင်​ပေါက်က​လေးက​တော့အထူးအဆန်း​လေးလိုက်ကြည့်​နေသည်။ သူတစ်ခါမှမ​ရောက်ဖူးဘူး​လေ။ အထဲကိုဝင်လိုက်တာနဲ့ဘယ်ဘက်အခြမ်းမှာစားပွဲအရှည်နဲ့ထိုင်ခုံ​တွေရှိ​နေသည်။ ညာဘက်အခြမ်းတွင်ဆိုဖာတွေရှိသည်။ အ​နောက်ဘက်ကိုဆက်ဝင်သွားရင်မှတ်တမ်းတွေနဲ့ဖိုင်တွေအစီအရီထားထားသည့်အခန်းတစ်ခန်းရှိနေသည်။ အခန်း၏အလယ်တည့်တည့်မှာ​တော့ သူ့ရဲ့စားပွဲရှိနေသည်။ စားပွဲ၏အ​နောက်ဘက်နံရံတွင် အမျိုးသမီးကြီးတစ်ယောက်ပုံကိုချိတ်ဆွဲထားသည်။ မျက်လုံး မျက်ခုံးတွေအရ ကိုကို့ရဲ့အဖွားပဲဖြစ်ရမယ်ဆိုတာသူသိလိုက်သည်။ စားပွဲပေါ်တွင်ကြောင်ပေါက်လေးရဲ့ဓါတ်ပုံ​လေး​တွေရှိသည်။ သူ့ပုံလေးတွေကိုသေချာလိုက်ကြည့်နေသည်။

Love Me Like You Do🖤Where stories live. Discover now