အပိုင်း - ၇🖤

35K 2.6K 73
                                    

သက်တန့်​ နေထွက်တဲ့အချိန်ကိုကြည့်ချင်သည့်အတွက် နေမထွက်ခင်အစောကြီးထလိုက်သည်။ တိမ်ယံက​တော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မို့ မနှိုးတော့ဘဲသူတစ်​ယောက်တည်းထွက်လာခဲ့သည်။ ​နေမင်းကြီးထွက်လာတာကိုကြည့်ရတာသူအရမ်းကြည်နူးမိသည်။ မနက်ခင်းထွက်ခါစ​နေ​ရောင်ခြည်​နွေး​နွေး​လေးနဲ့​လေ​အေး​အေး​လေးကိုသူနှစ်သက်သည်။ အချိန်အကြာကြီးကမ်း​​ခြေတွင်ထိုင်ပြီးမှသူအထဲပြန်ဝင်ရန်ထလိုက်သည်။ အ​နောက်ကိုလှည့်လိုက်ကာမှလူတစ်​ယောက်မြင်းစီးလာတာနဲ့ဝင်တိုက်မိလေတော့သည်။

"အမေ့!"

သက်တန့်သည် မြင်းကိုလန့်ပြီး​ရှောင်ရင်း​ အနောက်ဘက်ကိုပက်လက်လန်ကျသွားလေသည်။ မြင်းပေါ်ကလူ ချက်ချင်းဆင်းလာပြီး သက်တန့်ကိုဆွဲထူပေးသည်။

"​ကောင်​လေး ရရဲ့လား ... မင်းကရုတ်တရက်ထလိုက်​တော့မြင်းကလန့်သွားတာ​ပေါ့ ... ထကြည့်ပါဦး အဆင်​ပြေရဲ့လား"

"အာ့!"

သက်တန့် မတ်တပ်ရပ်ရန်ကြိုးစားကြည့်ပါသော်လည်း ခြေကျင်းဝတ်ကအရမ်းနာကျင်လွန်း၍ ပြန်လဲကျသွားသည်ကို ထိုလူကခါးကိုဖက်ကာထိန်းလိုက်သည်။

"​ခြေကျင်းဝတ်ထိသွားတယ်ထင်တယ် ... မင်းကဘယ်အခန်းမှာနေတာလဲ ... လိုက်ပို့​ပေးမယ်​လေ"

"​​သြော် ရပါတယ် ... ကျွန်​တော်ဖုန်းဆက်လိုက်ရင်လာမယ့်သူရှိတယ်"

"ဒါဆိုလည်းဆက်​လေ ​စောင့်​နေ​ပေးမယ် ... ဦး​​လေးကြောင့်ဖြစ်သွားတာဆို​တော့ ဒီ​လောက်​တော့တာဝန်ယူ​ပေးသင့်တယ်မလား"

"ဟုတ် ​ကျေးဇူးပါ​နော်"

​ဘောင်းဘီအိတ်ထဲကဖုန်းထုတ်ပြီး "ဟိုလူကြီး" ဆိုတဲ့နာမည်​လေးကိုနှိပ်လိုက်သည်။ အိပ်ချင်မူးတူးဖြစ်​နေသည့်တိမ်ယံ​ဘေးနားက စားပွဲပေါ်မှဖုန်းကိုလှမ်းယူပြီးကြည့်လိုက်​တော့"​ကြောင်​ပေါက်​လေး"ဆိုတဲ့နာမည်​ကြောင့်မျက်လုံးပြူးသွားရသည်။ ​ဘေးနားကိုကြည့်လိုက်​တော့​လည်းသူ့လူသား​လေးကမရှိ​တော့ပိုလို့​တောင်ထိတ်လန့်သွားရသည်။

Love Me Like You Do🖤Where stories live. Discover now