အပိုင်း - ၉🖤

31.8K 2.5K 70
                                    

"​မောင်တောင်းပန်ပါတယ်လမင်းရယ်"

လမင်းဖြူ၏​ဘေးနားတွင်လက်က​လေးကိုဆုပ်ကိုင်ရင်းလူတစ်ယောက်ထိုင်နေသည်။ တောင်းပန်ပါတယ်ဆိုသည့်စကားကိုအထပ်ထပ်ဆိုနေသည်။ လမင်းဖြူသည် ထိုလူ၏တောင်းပန်စကားကိုမကြားနိုင်ဘဲ နှစ်ခြိုက်စွာအိပ်‌စက်နေသည်။

"ကျွန်​တော်မမဆီသွားမလို့ ခင်ဗျားလိုက်မလား"

တစ်ခါမှမ​ခေါ်စဖူး​လာ​ခေါ်သည့်သက်တန့်​ကြောင့် အလုပ်ထိုင်လုပ်နေသည့်တိမ်ယံကြောင်သွားရသည်။

"ဘာလို့လဲသက်တန့် ... မနက်မှသွားပါလား ... အခုကမိုးလည်းအရမ်းချုပ်နေပြီ"

"မမဆီသွားချင်တယ် ... မသွားရတာနှစ်ရက်ရှိနေပြီ"

"အင်းပါ ... သက်တန့်သွားချင်ရင် ကိုယ်လိုက်ပို့ပေးမယ်နော်"

ဆေးရုံသို့လာသည့်လမ်းတွင် သက်တန့်ငြိမ်ကုပ်လို့နေသည်။

"သက်တန့် နေမကောင်းလို့လား ... ကိုယ်ဝယ်ပေးထားတဲ့အားဆေးတွေမသောက်ဘူးလား ... ကိုယ်သေချာမတိုက်တာနဲ့မသောက်ပြန်ဘူးလား"

"​သောက်ပါတယ် ... နည်းနည်း​လေးပင်ပန်း​နေလို့ပါ ... ဘာမှမဖြစ်ပါဘူး"

ဆေးရုံသို့ရောက်သည်နှင့်​ဆေးရုံထဲကို​သက်တန့်ကအရင်ဝင်သွားသည်။ မမကို​တွေ့ရ​တော့မယ်ဆိုသည့်အသိစိတ်ကြောင့်မြန်မြန်လေးလျှောက်လာသည်။ မမအခန်းနား​ရောက်ခါနီးမှ မမအခန်းထဲကနေလူတစ်ယောက်ထွက်သွားတာကိုတွေ့လိုက်ရသည်။ သက်တန့်လန့်သွားသည်။

"စိတ်မပူပါနဲ့ ... မမရဲ့အခန်းထဲကို ကိုယ်ရယ် မင်းရယ် ဆရာဝန်ရယ်ကလွဲလို့ ကျန်တဲ့သူဝင်လို့မရဘူး"

တိမ်ယံပြောပြခဲ့သည်ကိုသူပြန်ကြားယောင်လာသည်။ ရှပ်အင်္ကျီအနီကွက်နဲ့မို့ အပြင်လူဖြစ်ဖို့များသည်။ မမအတွက်သူစိုးရိမ်သွားသည်။ မမအခန်းဆီသို့မြန်မြန်ပြေးသွားလိုက်သည်။ မမကတော့နဂိုအတိုင်းအိပ်မြဲအိပ်နေဆဲဖြစ်သည်။ သက်တန့်အနောက်မှတိမ်ယံဝင်လာသည်။ 

"မမအခန်းထဲကိုလူတစ်​ယောက်ဝင်တယ် ... စီစီတီဗီကြည့်လို့ရတယ်မလား ... ခင်ဗျားကပိုင်ရှင်ပဲ ခင်ဗျားပြောရင်တော့ရမှာပေါ့"

Love Me Like You Do🖤Where stories live. Discover now