အပိုင်း - ၈🖤

32.5K 2.7K 63
                                    

သက်တန့်‌ရောင် သူ့ရဲ့တိုက်ခန်းလေးကိုပြန်လာခဲ့သည်။ သူ့ရြဲတိုက်ခန်းလေးကိုမြင်ရတာ သူစိတ်ချမ်းသာသည်။ သူတိုက်ခန်းကိုပြန်လာရတဲ့ရည်ရွယ်ချက်ကလေးက သူလက်ခံထားတဲ့ဖန်ပုလင်း​လေး​တွေ နှင်းဆီပန်း​ခြောက်​တွေ ပန်းချီဆွဲပေးထားတဲ့စာရွက်ကလေးတွေ အကုန်စုသိမ်းလိုက်ပြီး စက္ကူပုံးတစ်ခုထဲထည့်ကာ အိမ်ပြန်ပိတ်ပြီး ထွက်လာခဲ့သည်။ စက္ကူပုံးကို ကားထဲထည့်လိုက်သည်။ သူကားပေါ်တက်မည်လုပ်နေစဉ် ဘောင်းဘီအိတ်ထဲမှဖုန်းကမြည်လာသည်။

"ဘာလဲ လူကြီး"

"ဘယဘယ်တွေသွားနေတာလဲ ... ကိုယ်အိမ်ပြန်​ရောက်​နေပြီ"

"ဘာလုပ်ဖို့အ​စောကြီးပြန်လာတာလဲ ... ခင်ဗျားကြီးအလုပ်မလုပ်ဘူးလား"

"​ကြောင်​ပေါက်ကလည်းကွာ အိမ်ကိုသာမြန်မြန်ပြန်လာခဲ့ပါ ... ကိုယ်မင်းကိုလွမ်းလှပြီ"

"ဟူး ခင်ဗျားကြီးကလည်း​လေ ​မွေးကင်းစ​ပေါက်စနက​လေးလေးကျနေတာပဲ ... ဒါပဲ ကျွန်​တော်ပြန်လာပြီ"

"ကိုယ်​စောင့်​နေမယ် မြန်မြန်လာ"

သက်တန့်​ရောင်​လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး  ကားမောင်းထွက်လာခဲ့လိုက်သည်။ သက်တန့်​ရောင်ရဲ့ကား​လေးကလမ်းလေးထဲချိုးဝင်လာသည်။ အိမ်​ရှေ့​ရောက်​တော့ခြံတံခါးကြီးကဖွင့်လျက်သားကြီးဖြစ်နေသည်။  သက်တန့်လည်းစဥ်းစားမနေတော့ဘဲ  ခြံထဲသို့​မောင်းဝင်လာလိုက်သည်။ တိမ်ယံအိမ်ပြန်​ရောက်​နေပြီလို့သိထား​သော်လည်းတစ်အိမ်လုံးက​မှောင်မဲ​နေသည်။ 

"ဘယ်လိုလူကြီးလဲမသိဘူး ... နေဝင်မီးလက်စီးပွားတက်ဆိုတဲ့စကားကိုမကြားဖူးဘူးလားမသိဘူး ... တစ်အိမ်လုံး​မှောင်မဲ​နေတာပဲ"

ဖုန်းကဖလက်ရှ်မီးလေးကိုဖွင့်ပြီး အိမ်ထဲဝင်လာလိုက်သည်။ 

"ဟိုလူကြီး ဥဦးမင်းတိမ်ယံရေ ... မီးမဖွင့်ဘဲဘာလုပ်​နေတာလဲ ... သရဲ​ခြောက်တိုင်းကစားမလို့လား"

"Happy Birthday To You ... Happy birthday to you ... Happy birthday dear kitty .... Happy birthday to you"

မင်းတိမ်ယံ၏သီချင်းဆိုလို့ပြီးသည်နှင့် တစ်အိမ်လုံးကမီးတွေထိန်ထိန်လင်းလာပါတော့သည်။ ဧည့်ခန်းထဲမှာချိတ်ဆွဲထားသည့်  "Happy Birthday" ဆိုသည့်စာတန်း​လေးကမီး​တွေမှိတ်တုတ်မှိတ်တုတ်ဖြင့် ခမ်းနားစွာတည်ရှိနေသည်။ 19ဆိုသည့်ဂဏန်း​လေးဖြင့်မီးထွန်းထားသည့်ကိတ်မုန့်ကိုကိုင်ပြီးမင်းတိမ်ယံသူ့အရှေ့ကိုရောက်လာသည်။ ဒီနေ့မွေးနေ့ဆိုတာသတိရပေမဲ့ ဘာမှမလုပ်ဖြစ်ဘဲ ဒီအတိုင်းဖြတ်သန်းလာတာကြာခဲ့ပြီမို့ သိပ်ပြီးအရေးတယူလုပ်မနေခဲ့ပါ။ အခု မွေးနေ့ပွဲလေးလုပ်ပေးတော့ သူအရမ်းပျော်ရသည်။

Love Me Like You Do🖤Where stories live. Discover now