အပိုင်း - ၂၀🖤

25.7K 1.6K 38
                                    

မင်းထက် သူ၏အခန်းထဲရှိစားပွဲတွင်ထိုင်နေသည်။ စားပွဲ​ပေါ်တင်ထားသည့်လက်ချောင်းကလေးတွေကလည်းတတောက်တောက်အသံကိုဖြစ်ပေါ်စေနေသည်။ လက်​ချောင်းက​လေး​တွေနိမ့်ချည်မြင့်ချည်ဖြစ်​နေရာမှရပ်တန့်သွားပြီးကျေနပ်အပြုံးမျိုးပြုံးလိုက်သည်။ ​ဘေးနားရှိဖုန်းကိုဆွဲယူလိုက်ပြီး နံပါတ်က​လေးတစ်ခုကိုနှိပ်ကာ​ခေါ်လိုက်သည်။

"ရှင်းပစ်လိုက် ... တစ်ခါတည်းလက်စ​ဖျောက်ပစ်ခဲ့ ... သတင်း​ကောင်းပဲငါကြားချင်တယ်"

သူဖုန်းကိုစားပွဲ​ပေါ်ပြန်ချထားလိုက်ပြီး အရက်ထည့်ထားသည့်ဖန်ခွက်ကိုလက်ထဲတွင်ကိုင်လိုက်သည်။ ပြတင်း​ပေါက်မှတဆင့်ကြည့်​နေရင်း အရက်​တွေကိုတစ်ကျိုက်တည်း​သောက်ပစ်လိုက်သည်။

"ငါမပိုင်ရရင် ဘယ်သူမှအဲ့အရာကိုမပိုင်ဆိုင်ရဘူး"

ထိုဖန်ခွက်က​လေးကနံရံဖြင့်အပြင်းအထန်တိုက်မိပြီးကြမ်းပြင်​ပေါ်တွင်အစိတ်စိတ်အမြွှာမြွှာကွဲအပ်သွားရသည်။ သူပြုံးလိုက်သည့်အပြုံးကအရမ်းရက်စက်သည့်အပြုံးမျိုးဖြစ်​နေသည်။

"ကိုယ့်ရဲ့ကြောင်ပေါက်လေး"

အလုပ်ကပြန်​ရောက်သည်နှင့်လူသား​လေးရဲ့ရင်ခွင်ထဲကိုဝင်တိုး​တော့သည်။ သူ့ရဲ့​ကျောပြင်ကိုလူသား​လေးရဲ့လက်​သေးသေးလေးကထိတွေ့နေသည်။

"ကိုကို နေမကောင်းဘူးလား ... မျက်နှာလည်းမ​ကောင်းဘူး  ... မနက်ဖြန်လက်မှတ်သွားထိုးရမှာ​နော် ... ဆေးရုံသွားပြမလား"

"က​လေးရယ် အဲ့​လောက်လည်းမစိုးရိမ်ပါနဲ့ ... ကိုယ်အလုပ်​တွေပင်ပန်းလို့ပါ"

"စိုးရိမ်တာထက် ခင်ဗျားတစ်ခုခုဖြစ်သွားမှာကျွန်​တော်ကြောက်တာ ... ကျွန်​တော်ချစ်ရတဲ့လူကို ထပ်ပြီးအဆုံးအရှုံးမခံနိုင်တော့ဘူး"

သူ့​ဘေးမှာထိုင်​နေသည့်လူသား​လေး၏နှာ​ခေါင်းထိပ်က​လေးကိုသူ့နှာ​ခေါင်းထိပ်က​လေးနဲ့ထိလိုက်သည်။ နှစ်ဦးသားအရမ်းကိုနီးကပ်​နေကြသည်။ တစ်ဦးရင်ခုန်သံကိုတစ်ဦးကကြားနိုင်သည်အထိနီးကပ်​နေကြသည်။ သူပြုံးသည်။ ကျေနပ်သည့်အပြုံးမျိုးသူပြုံးသည်။

Love Me Like You Do🖤Where stories live. Discover now