အပိုင်း - ၄🖤

42.6K 3.6K 108
                                    

မနေ့ကအထိလိုင်းကားတိုးစီးပြီးအလုပ်လုပ် ကျောင်းတက်နေရသည့်သင်တန့်ရောင်သည် ဒီနေ့ကျောင်းလာတော့ အမိုက်စားကားကြီးကိုသူကိုယ်တိုင်မောင်းလာပြီး ရောက်လာသည်။ အဝတ်အစား အသုံးအဆောင်တွေကအစ အကုန်တောက်ပြောင်နေသည်။ လူတိုင်းအလိုလိုကသက်တန့်ရောင်ကိုအံ့ဩမှင်သက်စွာငေးကြည့်ကြသည်။ သရဖီတို့လည်းအောက်မေးတွေပြုတ်ပြီး ငေးကြည့်နေကြသည်။ သရဖီသည်ထိုင်နေရာမှချက်ချင်းထပြီး ကားအနားမှာလှည့်ပတ်ကြည့်နေလေသည်။

"တကယ်အစစ်ကြီးဟ!"

သူမရဲ့အသံပြဲကြီးနဲ့အားပါးတရအော်လိုက်လို့ သူမ၏ပါးစပ်ကိုလက်နဲ့အမြန်လှမ်းအုပ်လိုက်ရသည်။ သိချင်စိတ်တွေလွှမ်းမိုးခံနေကြရသည့်သက်တန့်ရောင်၏သူငယ်ချင်းတွေက သက်တန့်ရောင်ကိုကန်တင်းဆွဲခေါ်သွားတော့သည်။

"ဟဲ့ ဘယ်ကခိုးလာတာလဲ ... ကားကြီးကတကယ့်အကောင်းစားကြီး ... အစစ်ကြီးနော်"

ဖြိုးဖြိုးစမေးလိုက်တဲ့မေးခွန်း၏အဖြေကိုအကုန်လုံးကကြားချင်နေကြသည်။ သက်တန့်ရောင်ကိုပဲဝိုင်းပြီးစိုက်ကြည့်နေကြသည်။

"ပြောရရင်အရှည်ကြီးပဲ"

"ဟာ ... ဘယ်ဟာကြီးကရှည်တာတုန်း"

"အမှောင်မမကလည်း တွေးလိုက်ရင်ဒါတွေပဲ ... နင့်ခေါင်းထဲမှာ အဲ့ဒါတွေပဲရှိတာလား"

"အေး ခေါင်းထဲမှာတောင်မဆံ့တော့လို့ သပ်သပ်သိမ်းထားတာတွေအများကြီးပဲ ... လုံးဝစပါယ်ရှယ်တွေနော်"

သရဖီ့ကိုမေးမိလိုက်တဲ့မိမိကိုယ်ကိုပင် ဖြတ်ရိုက်လိုက်ချင်တော့သည်။ သူငယ်ချင်းတစ်သိုက်ကို ကြောင်းကျိုးဖြစ်စဉ်အကုန်ရှင်းပြရတာ အတော်ကိုမောသည်။

"ဟာ ရှူးဂါးဒယ်ဒီကြီးပေါ့"

"သူ့ဘာသာသူဘာပဲဖြစ်ဖြစ်ပါ ... ငါကတော့မမကိုဆေးကုလို့ရမယ်ဆိုတာနဲ့ပဲပျော်နေရပြီ"

အမွှာနှစ်ယောက်ကတော့ အခုထက်ထိအံ့ဩနေဆဲပင်ဖြစ်သည်။ လူတစ်ယောက်၏ကံတရားသည် မျက်လှည့်ပြလိုက်သလိုပင်ပြောင်းလဲသွားသည်။ မနက်ချမ်းသာနေရင်တောင် ညကျရင်မွဲရင်မွဲသွားတာပဲဆိုပြီး ခေါင်းလေတညိတ်ညိတ်နဲ့ အမွှာနှစ်ယောက်ကတရားတွေရနေသည် ။

Love Me Like You Do🖤Where stories live. Discover now