Chapter (3)

12.3K 1K 26
                                    

{{{Unicode}}}

🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾

"မင်း..မနေ့ကပြောတယ့်ကိစ္စတကယ်လား"

ရီပေါ်က...ပုတ်သင်ညိုလေးတစ်ကောင်လိုခေါင်းတစ်ဆတ်ဆတ်ငြိမ့်ရင်း..

"ဟုတ်ပါတယ်..Boss
အဲ့ကောင်မလေး..က..ခုခေတ်စကားနဲ့ပြောရမယ်ဆိုရင် စကီလေးပေါ့..၊ အရမ်းကိုမိုက်ပြီး အရမ်းလဲကြည့်ကောင်းပါတယ်"

ရှောင်းကျန့်က စားပွဲပေါ်မှ Laptop ကိုပိတ်ပစ်လိုက်ပြီး..ဝမ်ရီပေါ်အားမှင်သေသေပြန်ကြည့်ကာ..

"မင်း က ညွှန်းလှချည်လားကွ၊ဟိုဘက်ကဘာတွေပေးထားလို့လဲ..ပြောစမ်းပါအုံး"

ရီပေါ်က..မျက်တောင်များကိုပုတ်ခတ်ပုတ်ခတ်လုပ်နေပြီး..ပလုပ်တုတ်လေးလိုခေါင်းခါနေပြန်သည် ။

"မဟုတ်ပါဘူး..၊Boss ကလဲ..အဟီး..
အာ..Boss ခေါင်းကိုက်နေတယ်ထင်တယ်၊ကျနော် ဇတ်ကြောဆွဲပေးရမလား"

ရှောင်းကျန့်ကလက်ကာပြလိုက်ပြီး..လေသံခပ်တင်းတင်းနှင့်..

"မလိုဘူး ၊ မဖားနဲ့ ၊ပုံမှန်အတိုင်းနေ...
Ok.."

ရီပေါ် ပွစိပွစိရေရွတ်လိုက်ပြီး..စိတ်ထဲမှသာမေတ္တာပို့နေလိုက်သည် ။ စောက်အကွေးကောင်...နေနှင့်အုံးပေါ့၊ ငါ့အကြောင်းကောင်းကောင်းသိစေရမယ်..။

"အဲ့ဒီမျက်နှာက မဲ့လိုက်၊ရွဲ့လိုက်နဲ့ဘာဖြစ်နေတာလဲ ငါ့ကိုစိတ်ထဲကကျိန်နေတာလား"

"အာ...ဟား..ဟား..
မဟုတ်ပါဘူး ၊ဘာလို့ Boss ကိုကျိန်ရမှာလဲ ၊ ကျနော်ကဆုတောင်ပေးနေတာ ၊
တတ်သစ်စမော်ဒယ်လေးနဲ့အဆင်ပြေသလို
ဟို..အဆိုတော်လေးနဲ့လဲ အမြန်Hotelသွားနိုင်ပါစေလို့.."

သူ့ရဲ့ဆုတောင်းထောပနာသံလေးလဲကြားရော..Boss အကွေးကောင်ကမိန့်မိန့်ကြီးပြုံးနေကာ...တစ်ဟက်ဟက်ထရယ်ရင်း..

"မင်း..ဆုတောင်းမှ..ငါကHotelသွားနိုင်မှာလား၊ သွားပြီးတာကြာပေါ့..."

ရီပေါ်ပါးစပ်ကလေးဟကာ..ဪ..ဟုသာရေရွတ်နိုင်တော့သည် ။
ဒီ ရှောင်းကျန့်ဆိုတယ့်သူက..ပန်းကောင်းအညွှန့်ချိုးနေတာပဲ..၊ ငါ ဘာကြောင့်များဒီ Company ကိုဝင်ခ့ဲမိပါလိမ့် ၊

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now