Chapter(13)

9.8K 1K 63
                                    


(((((Unicode)))))

"ဒါက ဝက်သားချဥ်စပ်"

"ဒါက ဆေးဟင်းချို.."

"ဒါက....."

ဒါကဆိုသောစကားအဆုံးမှာ ဟင်းအမယ် ဆယ်မျိုးလောက်ကိုလက်ညှိုးထိုးညွှန်ပြသွားသော်လည်း ရှောင်းကျန့်တို့က ထမင်းဝိုင်းမှာမေးထောက်ပြီး ရှင်းပြနေသောထိုကောင်လေးကိုသာကြည့်နေမိသည်။

ရီပေါ်က ဟင်းအမယ်ရွတ်ပြပြီးအဆုံးမှာ အာခြောက်သွားပုံနှင့်ရေတစ်ငုံသောက်သည်။ စားပွဲဝိုင်းပေါ်က ဟင်းခွက်များကိုကြည့်ပြီး သရေတောင်ယိုချင်လာသည်။ မိမိကိုယ်တိုင်ချက်ထားသော ဟင်းနှစ်ခွက်ကိုတော့မဟုတ်ဘူး၊ အကွေးကောင်အိမ်က စားဖိုမှူးကြီးလက်ရာက သိပ်ကောင်းသည်မဟုတ်လား????

"ဟိုလေ ဗိုက်ဆာနေပြီ၊
စားလို့မရသေးဘူးလားဟင်"

ရှောင်းကျန့်က ဖြီးနေသောသွားကိုအနိုင်နိုင်ပြန်စိပြီး ချောင်းတစ်ချက်ဟမ့်သည်။ပြီးမှ..

"အာ စားလို့ရတာပေါ့
Honey ရဲ့ "

ရီပေါ်က ပြောပြောဆိုဆိုပင် စားဖိုမှူးကြီးလက်ရာ ဂဏာန်းလုံးပန်းကန်ကြီးကိုအကြည့်ဝေ့လိုက်ပြီး...

"ဒါဆို စားတော့မယ်နော် အဟီး"

သို့ပေမယ့် ဂဏာန်းပန်းကန်နားကိုလှမ်းနေသော ရီပေါ့်လက်သည် စကားတစ်ခွန်းကြောင့် Auto ပင်ရပ်သွားကာ ဘေးမှာရှိနေသောအစေခံတို့ရဲ့ အကြည့်များသည် သူတို့နှစ်ယောက်အပေါ် မသိမသာကျရောက်လာသည်။

"ဂဏါန်းလုံး စားချင်ရင်အာဘွားပေး၊
ရေဘဝဲ စားချင်ရင် Kissing ပေးရမယ်၊
ဘယ်လိုလဲ Honey"

"ဟမ်...ချလွမ်း"

အာဘွားပေးရမှာကို အဲ့လောက်ကြောက်စရာလိုလို့လား??? မျက်လုံးကြီးပြူးပြီး တူနှစ်ချောင်းလုံး ကြမ်းပြင်ပေါ်ပြုတ်ကျသွားတာက နည်းနည်းတော့ Overtineဖြစ်လွန်းသည်၊ သူနဲ့ကိုယ်နဲ့ မနမ်းဖူးတာကျနေတာဘဲ၊ပိန်းဥ ကတော့ငါ့ကိုအသဲယားအောင်လုပ်နေပြီ။

အစေခံတစ်ယောက်က တူအသစ်တစ်စုံကို ရီပေါ့်ဘေးချပေးကာ...

"သခင်မလေး Honey "

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now