Chapter(15)

9.4K 1K 29
                                    

##Unicode##

"အတိတ်မေ့သွားရင်ဘယ်လိုလုပ်မလဲ???"

"ဒါမှမဟုတ် အာရုံကြောထိပြီးနားကန်သွားရင်ရော"

"အောက်ပိုင်းသေရင်ရော ပြန်ကောင်းနိုင်လား???"

ဝမ်ရီပေါ်ကိုစမ်းသပ်နေတယ့် စစ်ကျွေးတစ်ယောက်နားကိုဂွမ်းဆို့ရမည့် အလားအလာဖြစ်နေသည်။ သူငယ်ချင်းအရင်းကြီးမို့သည်းခံနေရသော်လည်း ကျန့်ကျန့်ကနည်းနည်းတော့အကဲပိုလွန်းသည်မလား???

ခေါင်းကွဲသွားကာဘယ်ဘက်ခြေထောက်လဲ ကျိုးသွားသည်တယ့်၊ တစ်ညလုံးသတိလစ်နေတာ နည်းနည်းတော့လွန်လာပြီ။ဒါမှမဟုတ် ပိန်းဥကDramaထဲကလိုသတိရလာပေမယ့်ဟန်ဆောင်ပြီး နားထောင်နေတာလား???

"ဝမ်ရီပေါ်"

"ဝမ်ရီပေါ် ထ လေ"

"ကျန့်ကျန့် နင့်ပါးစပ်ပိတ်ထားလို့ရမလား??အဲ့လိုအော်ဟစ်နေရင် ငါပြန်တော့မှာနော်၊အစကတည်းက ကြိုက်ရင်ဖွင့်ပြောလိုက်ပေါ့၊ခုတော့ မသေတာကံကောင်း"

စစ်ကျွေးကဟင်းခနဲသက်ပြင်းချပြီး ကျင်းရီဆီဖုန်းခေါ်ရန်ပြင်လိုက်သည်။ ဇီးရွမ်းကိုပါခေါ်လာပြီးအကဲဆတ်နေသော သူငယ်ချင်းအားလာချော့မော့ရတ်အတိုချုံး၍ပြောပြလာရသေးသည်။ ကိုယ်က ဆေးရုံသွားရဦးမယ်မဟုတ်လား???

"ငါပြန်မယ် ကျန့်ကျန့်၊တစ်ခုခုထူးခြားရင် ငါ့ဆီကိုဖုန်းဆတ်"

"အင်း..."

စစ်ကျွေးထွက်သွားတော့မှ ရှောင်းကျန့်သက်ပြင်းဖွဖွချကာ ပြတင်းပေါက်ကိုမျက်နှာမူရင်းအတွေးတွေကဝေဝါးနေလျက်။

အလုပ်ထွက်ပြီးနောက်မှာ မိမိဆီကိုခွမ်းဟွားအဖြစ်ရောက်လာတယ့် ဝမ်ရီပေါ်။

HoneyဆိုသောTomboyဘဝနှင့်ပင် ဝမ်ရီပေါ်ကိုချစ်ခဲ့မိသည်။

ယောကျာ်းလေးဖြစ်နေရုံသာမက ဝမ်ရီပေါ်မှန်းသိလိုက်ရသောအခါ ပို၍ပျော်ခဲ့ရသည်။

တစ်ချိန်ကခပ်ဒူဒူ ခပ်အအ မှုန်တေတေနဲ့ကောင်လေးမဟုတ်ဘဲ တစ်မူဆန်သစ်တယ့်သူ့ပုံစံကကျွန်တော့်ရင်ခုန်သံကိုနိုးထအောင်လုပ်ခဲ့ပြီးမှ...

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now