Chapter (26)

7.7K 928 32
                                    


{{ UNICODE }}

"Honeyရေ မနက်စာစားဖို့ဆင်းလာတော့လေကွာ.."

လှေကားပေါ်မှ ဝရုန်းသုန်းကားပြေးဆင်းလာတယ့်ခြေသံတွေကြောင့် ရှောင်းကျန့်မှာမျက်လုံးများကိုစွေစောင်းလိုက်ပြီး..

"အဲ့လိုပြေးဆင်းလို့ နောက်တစ်ခေါက် အမ်.."

သောက်လက်စ Coffeeခွက်ကိုဖြစ်သလိုပြန်ချလိုက်ရင်း ဝါးပင်လေးလိုတစ်နွဲ့နွဲ့ယိမ်းနေတယ့် ရီပေါ့်ဆီသို့သာအကြည့်များကျောက်ချလိုက်သည်၊ ဘယ်လိုပြောရမလဲ?ပိန်းဥလေးက အရမ်းကိုကြည့်ကောင်းတယ်။ ဒါပေမယ့်သူဒီလိုဝတ်တာကို ကျွန်တော်သဘောမကျတော့ဘူး ၊

"ဘာလို့မိန်းကလေးလိုဝတ်ထားတာလဲ?"

"Social Media မှာပျံ့နေတယ့်သတင်းတွေကြောင့်လေ၊ ခုချိန်မှာ မိန်းကလေးလိုဝတ်ပြီး Companyမှာ လမ်းသလားပြသင့်တယ်မဟုတ်ဘူးလား "

ငွေမှုံရောင် ပေါင်လယ်လောက်ဂါဝန်လေးကလမ်းလျှောက်တိုင်း ပေါင်ရင်းသို့လိပ်တတ်သွားကာ သွယ်လျလျခြေသလုံးလေးတွေက ယောကျာ်းလေးတစ်ယောက်ရဲ့ခြေထောက်ပါလို့ ဘယ်သူကယုံမှာလဲ?

ငွေမှုံရောင် ပေါင်လယ်လောက်ဂါဝန်လေးကလမ်းလျှောက်တိုင်း ပေါင်ရင်းသို့လိပ်တတ်သွားကာ သွယ်လျလျခြေသလုံးလေးတွေက ယောကျာ်းလေးတစ်ယောက်ရဲ့ခြေထောက်ပါလို့ ဘယ်သူကယုံမှာလဲ?

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရီပေါ်က ဘာမထီမျက်နှာပေးနှင့် အတုတပ်ထားတယ့် Brown ရောင်ဆံနွယ်ရှည်များကို နားကြားသို့ညှပ်လိုက်ပြီး Coffee ခွက်ကိုကောက်ကိုင်သည်။

အမူအယာတွေကိုက မိန်းကလေးတစ်ယောက်လိုနူးညံ့ညင်သာနေတာကြောင့် အရင်က ဝမ်ရီပေါ်နှင့်လားလားမှမသက်ဆိုင်ပေ..။ ရှောင်းကျန့်ရင်ထဲ ရေနွေးအိုးလိုပွက်ပွက်ဆူလာကာ..

"ကျစ်!!!
အဲ့လိုလုပ်ဖို့ကိုယ်ပြောမိလို့လား?"

"ကျွန်တော့် မှတ်ဥာဏ်တွေအရဆိုအရင်က လုပ်သလားလို့.."

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now