Chapter(12)

10.6K 1.1K 89
                                    

///////Unicode///////

"မင်းက Gay ဆိုတယ့်အကြောင်းကို
မင်း Ex တစ်ယောက်ယောက်ကဖြန့်တာပဲ"

ဇီရွှမ်းက File တွဲတွေလှန်လှောရင်သေသေချာချာရှင်းပြနေသော်လည်း ရှောင်းကျန့်စိတ်တွေကတော့ တစ်နေရာဆီလွှင့်နေတော့သည်။

"ဟေ့ကောင် ငကျန့်
ငါပြောတာကြားရဲ့လား"

ကိုယ်က တရားသူကြီးတန်မဲ့၊ ရှေ့နေတွေစုံစမ်းရမယ့်အလုပ်ကိုလုပ်နေရတာ ဒီကောင်က နည်းနည်းမှအားနာသမှုမရှိဘူး။ ခုမှ အိမ်မက်ယောင်သူလိုပြူးတူပြဲတဲနှင့်..

"မင်း ပြောတာငါမကြားဘူး၊
ငါ ပြောတာအရင်နားထောင်ပေး"

ဇီရွှမ်းက File တွဲကိုပြန်ပိတ်လိုက်ကာ ခေါင်းညိမ့်ပြလိုက်သည်။ ဒီကောင်ဘာကြံပြန်ပြီလဲမသိဘူး၊ ဥာဏ်နီဥာဏ်နက်ကလဲ ဘာများသလဲမမေးနဲ့ ၊ မိန်းကလေးနဲ့ထိတွေ့မရတယ့် ရောဂါရှိနေတာကိုလဲ လွန်ခဲ့တယ့်ရက်တွေကမှသိရတယ်။ ၈ နှစ်လောက်ခင်ခဲ့တယ့်သူငယ်ချင်းတွေကိုတောင် အဲ့လိုလျှို့ဝှက်နိုင်လွန်းတယ်။

"ပြောလေကွ
ငါအချိန်မရှိဘူးနော်၊
ခဏနေရင် အမိန့်ချရမယ့် တရားခံတစ်ယောက်ရှိသေးတယ်"

ထိုသို့ငေါက်ဆတ်ဆတ်ပြောလိုက်မှ...

"ငါနဲ့ရီပေါ် လက်ထပ်ထားတယ့်စာချုပ်က
အကျုံးဝင်တယ်မလား..."

"Sure ကျိန်းသေတာပေါ့၊
မှတ်ပုံတင်နေရာမှာလက်ဗွေဆိုပေမယ့် အဆင်တော့ပြေပါတယ်"

ရှောင်းကျန့်က အားတတ်သရောနှင့်..

"ဒါဆို ပြီးရော
ငါမေးချင်တာ အဲ့ဒါဘဲ"

"ဟမ်.."

ပြောပြီးနေရာမှဝုန်းထရပ်ကာ...

"ငါ့ကို Gay လို့သတင်းလွှင့်တယ့်သူကို
ရှာလဲမရှာချင်သလို တရားလဲမစွဲချင်တော့ဘူး ၊ ခုချိန်မှာ သူ့ကိုကျေးဇူးတင်လွန်းလို့"

"ဘာ..."

ထို့နောက် Office ခန်းထဲမှလှစ်လှစ်ပါအောင်ထွက်သွားသော ထိုလူသား။

အခန်းထဲမှာ ဒေါသတွေတစ်ပွေတစ်ပိုက်နဲ့ကျန်ခဲ့သူက ဇီရွှမ်းပင်၊ အချိန်ကုန်ခံပြီးစုံစမ်းခဲ့သမျှ ခုတော့ ပလုံသွားပြီးပေါ့။
ခွေးကောင် ငကျန့် ကောင်းကျိုးမပေးတယ့်ကောင်။

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now