Chapter(25)

8.4K 1K 28
                                    


{{ UNICODE }}

ခန္ဓာကိုယ်ကနာကျင်နေရင် ပင်ပန်းလို့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်တယ်တယ့်၊ ဝမ်ရီပေါ်အတွက်တော့ အဲ့ဒီစကားနဲ့ဆန့်ကျင်ဘက်ပဲ၊ နိုးတစ်ဝက် အိပ်တစ်ဝတ်နဲ့ နာကျင်မှုတွေကို တရားမှတ်နေရတယ်။

တစ်ကိုယ်လုံးနာနေပါတယ်ဆိုမှ အတင်းအကျပ်ပွေ့ဖက်ထားတော့ လူကအရမ်းကိုပင်ပန်းနေကာ ဘေးနားကရှောင်းကျန့်ဆိုတယ့်လူကို ဆောင့်ကန်ထုတ်လိုက်ချင်ပြီ..။

"ကျစ်!သန်လိုက်တယ့်လက်တွေ ၊ ဘာလို့ခြေထောက်တွေပါ လာတင်ထားတာလဲ?လူ ကိုအနုနည်းနဲ့သေအောင်သတ်နေတာ "

ရီပေါ့် ရဲ့ ခပ်တိုးတိုးရေရွတ်သံအဆုံးမှာ ရှောင်းကျန့်နှုတ်ခမ်းထောင့်စွန်းတစ်ဖက်က ကော့ညွှတ်သွားပြီး မှိတ်ထားတယ့်မျက်ဝန်းများကလဲ Auto ပင်ပွင့်လာတော့သည်။

"ငြိမ်ငြိမ်လေးနေပါလား?
ကားအကြီးမောင်းလာရတာ ကိုယ်တအား ပင်ပန်းနေပြီ"

"ကျွန်တော် ကမှ ပိုပင်ပန်းတာ၊ နောက်တစ်ခါ ခင်ဗျားနဲ့အိပ်ဖို့ ရက်သတ်မှတ်ထားမှဖြစ်မယ်၊ မဟုတ်ရင် ကျွန်တော်သေလိမ့်မယ်"

အိပ်ယာဘေးမှ ပြတင်းတံခါးကိုခပ်ဖွဖွတွန်းဖွင့်လိုက်ရင်း ရှောင်းကျန့်က ခနိုးခနဲ့ရယ်သည်။ ရီပေါ်ကတော့ ပါးစပ်ကသာပေါက်ပေါက်ဖောက်နေပြီး ခန္ဓာကိုယ်ကိုတော့တစ်ချက်ကလေးမှမလှုပ်။

"အရမ်းနာနေလား?"

"အင်း နည်းနည်း.."

"ဘာလို့မပြောမဆိုနဲ့ ထွက်သွားရတာလဲ?"

"နေရာအတိအကျပြောပြပြီးမှ ထွက်ပြေးရမှာလား?"

အပြောနဲ့အတူ ရင်ဘတ်တစ်ခုလုံးကျိန်းစက်သွားတာက ပိန်းဥကောင်ရဲ့သွားထက်ထက်တွေကြောင့်..

"အ..နောက်တစ်ကြိမ်စချင်နေတာလား? ဘုရားကျောင်းဆိုတာလဲ သတိရပါဦးကွာ၊ Honey ကခံနိုင်ရည်အားကောင်းပေမယ့် ကိုယ်တော့ပင်ပန်းနေပြီ"

ပေါက်ပန်းစျေးစကားများက ညအမှောင်နဲ့အပြိုင် နက်စွေနေကြသည်။ ရီပေါ် ရှိသမျှအားသုံးပြီး ထိုလူသားအား ကုတင်ပေါ်မှကန်ချပစ်လိုက်သည်။

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now