Chapter(20)

8.7K 906 43
                                    


{{{ UNICODE }}}

ရီပေါ် ခုတလောခေါင်းထဲနောက်နေသည်။ ရှောင်းကျန့်က Entertainment အကြောင်း မိမိကိုလာပြောပြသော်လည်း ကိုယ်မရင်းနှီးသောကိစ္စတစ်ခုလို ဖြစ်နေကာ ထိုကိစ္စများနဲ့လဲ မရင်းနှီးသလိုစိမ်းသက်သက်...။

ပြောတော့ ကိုယ်ကတတ်သစ်စအဆိုတော်ဆို ၊ အနည်းဆုံးတော့အိမ်မှာ Guitar တစ်လက်တော့ရှိနေရမယ်လေ၊ ဒါပေမယ့် လုံးဝကိုကွာခြားနေတယ်။ တွေးမိတိုင်းခေါင်းက ပေါက်ကွဲမတတ်နာကျင်မှုသာ အဖတ်တင်သည်။

တစ်ခုခုကိုလျှို့ဝှက်ထားမှန်းသိတယ်၊ ဘယ်သူ့ကိုအဖြစ်မှန်သွားမေးရမလဲ?? အကုန်လုံးက ရှောင်းကျန့်လူတွေချည်းပဲ!!

လက်ထပ်စာချုပ်မှာလဲ မိမိလက်မှတ်ရှိမနေပဲ လက်ဗွေတစ်ခုသာတည်ရှိနေသည်။ ဒါကရော ဘယ်လိုဖြစ်ရပ်ဆန်းကြီးလဲ???

တွေးရင်း တွေးရင်း မူမမှန်တာတွေကပိုများလာသည်။ အလိုက်အထိုက်နေနေရတယ့်အထဲ ရှောင်းကျန့်မှာ​တော့ မိမိကိုစားဖို့ချည်းသာချောင်းနေသည်။

ကုတင်ပေါ်မှာ လူးကာလိမ့်ကာနဲ့ကြံမရတယ့်အဆုံး အဝတ်အစားလဲကာအောက်ထပ်သို့ဆင်းလာလိုက်သည်။

"ဦးလေးခွန်း
ကျွန်တော်အပြင်ခဏသွားမလို့"

"ကောင်းပါပြီ"

ကိုယ့်ကိုကျိုးနွံစွာဆတ်ဆံနေသော်လည်း ခြံပြင်မရောက်ခင်မှာ ရှောင်းကျန့်ဆီသတင်းပို့ပြီးနေလောက်ပြီ၊

ဖော်ထုတ်ကြည့်ရတာပေါ့၊
ခင်ဗျား ဖွက်ထားတယ့် ကျွန်တော့်အတိတ်တွေကို..။

*******

Club များစွာရှိတယ့်အထဲ ထိုClub ကိုမှဘာလို့ရွေးချယ်မိလဲမသိ၊ တစ်ခါမှမရောက်ဖူးသော်လည်း ကိုယ့်အတွက်တော့ရင်းနှီးနေသလိုပင်။

"ငါ ဒီ Club ကိုရောက်ဖူးတာလား?"

မရေမရာအတွေးများနှင့်အတူ လူက Club ထဲသို့ခြေချလိုက်သည်နှင့်..

"အားး Z မဟုတ်ဘူးလား!!!"

" သူ ဆိုင်မှာသီချင်းမဆိုတော့ဘူးမလား?"

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now