Chapter(16)

11K 1.1K 30
                                    


You တို့ကိုဒီကနေ ကိုယ်ရေလှမ်းပတ်လိုက်တယ်။အကုန်စိုစေသတည်း...။

ဗွမ်း....💦💦💦💦💦💦💦💦

_____________________________

Chapter (16)
##Unicode##

"ဒါက ဖြစ်နိုင်လို့လား???
အတိတ်မေ့တာဆို အကုန်မေ့သင့်တယ်မဟုတ်ဘူးလား"

စစ်ကျွေးက Duty Coatကိုချွတ်ကာကုလားထိုင်ပေါ်အသာတင်ပြီး ကိုယ့်ကိုမသိမသာကြည့်လာတာမို့...

"စစ်ကျွေး ငါမေးနေတယ်လေ"

"နေပါဦး ဒီမှာ Roundလှည့်လာလို့ပင်ပန်းနေတယ့်ကြားထဲ ခဏလောက်အမောဖြေပါရစေဦး တကယ်ပဲ"

အဲ့နောက်မှာတော့ ချထားတယ့်ဆံပင်တွေကိုစည်းတယ်၊ ရေတစ်ဗူးယူပြီးသောက်တယ်၊ပန်းသီးတစ်လုံးကိုတစ်ဂွပ်ဂွပ်ကောက်ဝါးနေသေးတယ်၊ ရှောင်းကျန့်ကြည့်နေရင်း ဒေါသထွက်လာကာ ပိတ်အော်ပစ်လိုက်ချင်သော်လည်း စိတ်ကိုလျော့ထားလိုက်သည်။

ဟင်း ဟင်း...
လုပ်ထားဦးပေါ့ စစ်ကျွေးရယ်၊
ငါ ကျင်းရီကိုမြှောက်ပေးလိုက်မယ်၊
အဲ့ခါမှ နင်လေးမငိုနဲ့။

"နင့်ရဲ့ Honeyကဟန်ဆောင်နေတာမဟုတ်ဘူး၊ သူ့ဘဝရဲ့မလိုချင်တယ့်မှတ်ဥာဏ်တွေကို Deleteလုပ်ပစ်လိုက်တာ"

ရှောင်းကျန့်က ခေါင်းကိုတစ်ဗျင်းဗျင်းကုပ်ရင်း...

"အဲ့တော့ငါပါသွား​တယ်ပေါ့လေ"

"အမှန်ဘဲ၊ နောက်ပြီးသူ့စိတ်ထဲမှာဖြစ်ချင်နေတာကိုအပြင်မှာလို့တကယ်ထင်​နေတာ၊ တစ်နည်းအားဖြင့်ပြောရရင် ဒါကိုပုံရိပ်ယောင်ဖန်တီးခြင်းလို့ခေါ်တယ်၊ မလိုချင်တယ့်သူ့ဘဝဖယ်ထုတ်ပြီးတော့ လိုချင်တယ့်ဘဝကိုလဲလှယ်ပစ်တာလေ၊ အဲ့လိုလူနာတစ်ယောက်ကို ငါစပိန်ကိုပညာတော်သင်သွားတုန်းကတွေ့ဖူးခဲ့တယ်၊ နင်ဘာ့မှမစိုးရိမ်ပါနဲ့ အားလုံးအဆင်ပြေသွားမှာပါ"

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now