Chapter(11)

10.4K 1K 46
                                    


[[[[[Unicode]]]]]

🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈

"ကျွတ်..မဟုတ်သေးဘူးနော်၊
ဒီဖိနပ်ကြီးက အရမ်းမြင့်လွန်းတယ်၊
ဆံပင်ကို ခုလိုလုပ်ထားရတာလဲမမိုက်ဘူးနော်..ဟင်း"

ပါးစပ်ကလဲ တစ်တွတ်တွတ်ရေရွတ်ပြီး ကိုယ့်ဘာသာကိုယ်ပြန်မကြည့်ချင်လောက်အောင်စိတ်ပျက်နေမိသည်။ အကွေးကောင်..ရှောင်းကျန့် ၊ ခင်ဗျားကြောင့်ကျွန်တော့် သိက္ခာတွေတစ်ခုမှမရှိတော့ဘူး။

"Miss Honey
ရောက်ပါပြီ"

ဒရိုင်ဘာ အသံကြားမှ
အသိဝင်လာသော Honey ပါလေ။

"အမ်...
အာ..ဟုတ်ကဲ့..ဟုတ်ကဲ့ရှင့်"

ကားက Company ရှေ့မှာဆိုက်ဆိုက်မြိုက်မြိုက်ရပ်သွားတာမို့ စိတ်ကိုလျော့ပြီးမျက်နှာကိုပြုံးထားလိုက်ရသည်။
ပီပြင်မှ ရမယ်၊ ဒီအချိန်မှာ ငါက ဝမ်ရီပေါ်မဟုတ်ဘူး ခွမ်းဟွား ဘဲ ။

ထိုစဥ် တံခါးကချပ်ခနဲပွင့်လာကာ ကမ်းပေးလာတယ့်လက်တစ်ဖက်ကြောင့် အကြည့်တွေကထိုလူဆီရောက်သည်။ ပါးစပ်ကလဲ လွှတ်ခနဲ

" ရှောင်းကျန့်..."

ထိုလူသားက အခွင့်အရေးသမားပီသစွာပင် မိမိပါးကို ဖျတ်ခနဲငုံ့မွှေးလိုက်တာမို့ ကင်မရာမီးရောင်တွေ တစ်လက်လက်ဖြစ်ကုန်သည်။ ဟင်း...ဒီလူဘာကြံစည်နေပြီလဲ????

မိမိကိုကြည့်ပြီး ပြူးတူးပြဲတဲဖြစ်နေပုံက အသဲယားဖွယ်ပင်၊ မိန်းကလေးဝတ်ထားတော့ ပို၍ချစ်ဖို့ကောင်းနေပြန်သည်၊ အသားအရေနူးညံချက်ကတော့ ဝါဂွမ်းလေးလိုဘဲ။
မင်းက မထင်မှတ်ထားအောင်ပြောင်းလဲသွားတယ် ဝမ်ရီပေါ်။

"Honey
ကိုယ့်ကိုကြည့်မနေနဲ့လေ၊
ဂါဝန်စကို တတ်နင်းမိနေမယ်"

"အင်းပါ..
ကျွန်တော်..အာ..
Honey သတိထားပါ့မယ် Bunny"

"ချစ်ဖို့ကောင်းလိုက်တာ ရီပေါ်ရယ်"

ရှောင်းကျန့်ရဲ့ တီးတိုးရေရွတ်သံကိုတော့ Honey ကြားမှာမဟုတ်၊ ဒေါက်ဖိနပ်နဲ့ ဂါဝန်ရှည်ကြီးက သူ့ကိုဒုက္ခပေးနေသည်ကို။

ဂါဝန်ဖားဖား ၊ ဆံပင်ငုတ်စီလေးကို မမှီမကမ်းစုစည်းထားသော ရီပေါ်ပုံစံက တကယ့်ကိုနတ်သမီးလေးလို ၊ ခြေချော်ကျမည်ပြင်တိုင်း မိမိခါးဆီရောက်ရောက်လာတယ့် ရှောင်းကျန့်လက်တွေကြောင့် ရင်တွေပိုခုန်လာသည်။ ဝန်းထမ်းတွေကလဲ ပေါ်တင်ရပ်ကြည့်နေတာမို့ ရီပေါ့်မျက်နှာက မဲသထက်မဲလာတော့သည်။

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now