Chapter(29)

7.3K 862 24
                                    

[[ UNICODE ]]

"ပြောတော့ စိတ်မဆိုးဘူးဆို..အဲ့တာဘာထဖြစ်တာလဲ??"

"ဘယ်မှာစိတ်ဆိုးလို့လဲ?
မိုးရေထွက်ချိုးတာ.."

ကြည့်စမ်း ရုပ်တည်ကြီးနဲ့လိမ်နေတယ်လို့ သင်ထင်နေသလား?? ဒါဆိုရင်မှားသွားပါလိမ့်မယ်၊ဖရိုဖရဲ ဖြစ်နေတယ့်ရုပ်ကြီးနဲ့လိမ်နေတာဆိုဗျာ..။

"ကျွန်တော့်ကို လာမကြည့်နဲ့"

မိုးရေများကြောင့် ပိန်းဥကိုယ်လုံးလေးက တစ်ဆတ်ဆတ်တုန်ယင်နေပြီး နောက်ခန်းမှာကျုံ့ကျုံ့လေးထိုင်နေကာ မျက်နှာကလဲမဲတဲ့တဲ့ဖြစ်နေရှာသည်။

ခုနကလောက် မိုးကမသည်းတော့ပေမယ့် မိုးစက်ပွင့်တို့က မြေပြင်ပေါ်ခပ်စွေစွေခုန်ဆင်းနေတုန်းပင်...။

"Honey..."

"ဘာလဲ ကျွန်တော်မချမ်းဘူး ခင်ဗျားကနွေးအောင်လုပ်ပေးစရာလဲမလိုဘူး၊ အိမ်ကိုပြန်မယ်"

နာမည်လေးပဲခေါ်ရသေးတယ်၊ ထွက်လာတယ့်စကားသံတွေက တကယ့်ကို ဘုနဲ့ဘောက်၊ မချမ်းဘူးလို့လဲပြောသေးတယ် နှုတ်ခမ်းပါးလေးက တဆတ်ဆတ်တုန်နေပြီး ဒူးခေါင်းကိုလက်နှစ်ဖက်နဲ့ ခပ်တင်းတင်းပွေ့ပိုက်ထားသေးတယ်၊ ထိုသို့ဖြစ်ပျက်နေတယ့် ပိန်းဥပုံစံက သူရင့်ကိုတကယ်ပဲနာကျင်စေသည်။

"Honey..ကိုယ်ကမင်းကိုချစ်လို့ လိမ်ညာထားတယ့်လျှို့ဝှက်ချက်ကိုတောင် Publicမှာချပြလိုက်တာ..ဘာလို့အဲ့လောက်ထိ အတွေးတိမ်ရတာလဲ???"

မာန်မဲခြင်းမဟုတ်သလို ဆူပူခြင်းလဲမဟုတ်ပြန်၊ လေသံမှန်မှန်နှင့် နားဝင်အောင်ပြောပြနေတာကြောင့် ရိပေါ်ကိုယ်လုံးလေးက လှုပ်လှုပ်ရှားရှားပင်ဖြစ်လာကာ...

"ကျွန်တော် ခင်ဗျားကိုချစ်တယ်"

"ကိုယ် သိတယ်"

ရှောင်းကျန့်က နောက်ခန်းကိုလွှားခနဲ ခုန်ပြန်ကျော်လွှာလိုက်ရင်း စိုကပ်နေသော Brownရောင်ဆံပင်များကို သူ့အပေါ်Coat အကျီဖြင့်သုတ်ပေးလိုက်သည်။ ပါးစပ်ကလဲ ခပ်တိုးတိုးဆူပူနေရင်းနဲ့ပေါ့..၊

"ရူးကြောင်ကြောင်တွေသိပ်လုပ်တာပဲ၊ ပိန်းဥလို့ခေါ်ရင်လဲ မကြိုက်ပြန်ဘူး"

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now