Chapter(21)

8.5K 935 16
                                    

{{{ UNICODE }}}

"အဲ့တော့ငါက Congratulation ထပ်လုပ်ပေးရမယ်ပေါ့"

ကျင်းရီ ရဲ့ ရွှတ်နောက်နောက်အမေးကို ရှောင်းကျန့်က ခပ်ဖွဖွရယ်မောရင်း...

"ဒါပေါ့ မင်းလက်ခုပ်တစ်ချက်တီးဖို့ကျန်သေးတယ်မဟုတ်ဘူးလား?? ကိုယ့်စကားကိုတည်စမ်းပါ"

"ရော့ လက်ခုပ်တော့မရဘူး၊
ဒါပဲရမယ် ဗြောင်း..."

ဗြောင်း ခနဲမြည်သံနှင့်အတူ ရှောင်းကျန့်ကျောပြင်က ကော့တတ်သွားကာ

"ယ..ကျင်းရီရ နာတယ်ကွ ၊
ငါ့ရဲ့ကျောပြင်သွယ်လျလျလေးကို မညှာမတာနဲ့ ကျွတ် Fack ပဲ"

"ဝမ်ရီပေါ်ကို သွားFackလိုက်၊
ငါ့ကိုတော့မရဘူးနော် အဟက်ဟက် "

အခန်းထဲမှာ လူသုံးယောက်ရှိနေခြင်းဖြစ်သော်လည်း ဇီးရွှမ်းမှာတော့ တရားသူကြီးပီပီအားလပ်ချိန်ကိုတောင် အကျိုးရှိရှိအသုံးချနေသည်။ ဘီယာလေးတစ်မြမြနဲ့ ဘာစာတွေဖတ်နေမှန်းမသိ ။ ထိုတင်မကသေးပဲ..

"တိတ်တိတ်နေပေးလို့ရမလား??
ငါ ဒီမှာအမှုတစ်ခုဖတ်စရာရှိလို့"

"ဘာ.."

"ဘယ်လို.."

ကျင်းရီနဲ့ရှောင်းကျန့်မှာ နှစ်ယောက်သားမျက်စပစ်လိုက်ပြီး Club လာပြီးတရားပေါက်နေသော အမောင်ဇီရွှမ်းအား ဆွမ်းကြီးဝိုင်းလောင်းကြတော့သည်။

" သောက်ဖြစ်မရှိတယ့် Fa ကောင်"

"အေးလေ အလုပ်လုပ်မယ်ဆိုရင် ဘာလို့CLub ကိုလာနေသေးလဲ?"

ဇီးရွှမ်းဘဝက ကူရာကယ်ရာမဲ့ကာ ကျောပြင်ပေါ်ကလက်ဝါးတွေကိုပဲ ရှောင်ရှားရမလား?? လက်မောင်းကိုသဲအိတ်လို သဘောထားနေသော လက်သီးကိုပဲရှောင်ရှားရမလား မတွေ့တတ်လောက်အောက်ပင်။

တော်ပြီ..၊
နောက်တစ်ခါ ဒီနှစ်ကောင်နဲ့အတူ Club မလာတော့ဘူး။

********

ဝမ်ရီပေါ် တစ်ယောက်ခြေထောက်ကောင်းပြီးသည့်နောက်ပိုင်း ပြဲပြဲစင်အောင်လမ်းလျောက်နေသည်။ အပြင်ကိုလည်ပတ်နေခြင်းတော့မဟုတ် ၊ ပျောက်ဆုံးနေသော အတိတ်တွေကို အိမ်ကိုပတ်၍ရှာဖွေနေခြင်း၊

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now