Chapter (5)

12.4K 1.1K 38
                                    


/////Unicode/////

🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥

"မိန်းကလေးလို့သာပြောတယ် ၊
ယုံရခက်ခက်ပဲ..ဘာလို့ယောကျာ်းလေးနဲ့တူနေရတာလဲ.."

မိမိအား အစုံအဆန်ကြည့်ကာဝေဖန်ရေးနဲ့လေကန်ရေးကိုပြိုင်တူလုပ်နေတယ့်အကွေးကောင်ကြောင့်..ရီပေါ်ထိုင်နေရာမှ ထရပ်လိုက်ပြီး..မနိမ့်မမြင့်အသံလေးနှင့်...

"ကိုယ်က Tomboy လေ ၊ ယောကျာ်းလေးနဲ့တူတာဆန်းလို့လား ၊ ဒီလိုတူအောင်မနည်းလုပ်ထားရတာ..."

ရှောင်းကျန့်နဝေတိမ်တောင်ဖြင့် ရှေ့ကအစစ်မ ၊ မဟုတ်သေးဘူး သူ့ပုံစံက ဘောပြားမ ကိုသာမှင်​သေသေကြည့်လိုက်မိသည်​။ တစ်ခုခုတော့လွဲနေပါပြီ ။ဝမ်ရီပေါ်တော့ ငါ့ဆီဘာကြီးပို့လိုက်ပြန်ပြီလဲမသိဘူး ။

မိမိကိုကြည့်ပြီး ခေါင်းညိမ့်လိုက် ၊ ခေါင်းခါလိုက်နဲ့ အလွန်အလုပ်ရှုပ်နေသော ရှောင်းကျန့်ကိုကြည့်ကာ..ရီပေါ်ကခပ်လောလောပင်...

"ဝမ်ရီပေါ်က မှာလိုက်တယ် ကိုယ်ဒီကိုရောက်တာနဲ့ သူ့ Account ကိုငွေလွှဲပေးပါတယ့်..၊နောက်ပြီးသူ့ဆီကို ဘယ်တော့မှဖုန်းမဆတ်နဲ့လို့လဲမှာလိုက်တယ် ၊ ခရီးထွက်စရာရှိလို့လို့ပြောတာပဲ..."

"ငါသိပါတယ် ၊ ဒါနဲ့ ကိုယ် ကိုယ် လို့ထည့်ပြောနေတာက...ဘယ်သူ့ကိုပြောနေတာလဲ..."

ရီပေါ် က လည်ချောင်းရှင်းသလိုနဲ့ချောင်းတစ်ချက်ဟန့်လိုက်ကာ...

"အဟမ်း...ကိုယ်ဆိုတာ..ခွမ်းဟွား ဆိုတယ့်နာမည်နေရာမှာအစားထိုးပြောတာလေ ၊ကျနော် ကျမ လို့မသုံးချင်လို့..."

ရှောင်းကျန့်က ဆုံလည်ထိုင်ခုံမှာဝင်ထ်ိုင်လိုက်ရင်း..ရှေ့ကဘောပြားမကိုကြည့်ကာ..

"ထိုင်ပါအုံး ၊ တို့တွေဆွေးနွေးဖို့တော့လိုနေပြီ..."

ရီပေါ် က Sofa ပေါ်ခြေချိတ်ထိုင်လိုက်ပြီးအကွေးကောင်အား မေးဆတ်ပြလိုက်သည်။ ပြော ဆိုတယ့် သဘော...

"အင်း မင်းသေချာနားထောင်ပါ ခွမ်းဟွား၊
ငါက Gay တစ်ယောက်မို့မင်းက Cover ဆိုတယ့်တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ပေးရမယ် ၊ ဟန်ဆောင်လင်မယားလုပ်ရမှာမို့...အဓိကကတော့ အခေါ်အဝေါ်တွေစိမ်းသက်နေလို့မရဘူး "

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now