Chapter (31)

7.2K 840 26
                                    

[[ UNICODE ]]

အမဲသားက 2 kg၊
ကြက်သားရယ်၊ ငရုတ်ပွသီးရယ်၊ အင်း ပြီးတော့ဟင်းရွက်နည်းနည်းထပ်ဝယ်ရမယ်။

ဘာလုပ်နေလဲလို့ မမေးလေနှင့်၊ Honey တစ်ယောက် သူ့လင်ပိုင်တယ့် Shopping Centreမှာစျေးဝယ်ထွက်နေခြင်း၊ ဟိုပစ္စည်းကိုင်ကြည့်လိုက် ပြန်ပစ်ချလိုက်၊ ပါးစပ်က ပတွတ်ပတွတ်ရေရွတ်လိုက်၊ နှာခေါင်းရှုံ့လိုက် ခေါင်းခါလိုက်နှင့် တစ်ယောက်ထဲတိုင်ပတ်တယ်ဆိုတာဒါမျိုးကို ခေါ်တာနေမှာ..။

"ဒိန်း.."

ဟုတ်ကဲ့ ဒါက Shopping Mallထဲမှာဖြစ်လေ့ဖြစ်ထရှိတယ့် အသေးစားမတော်တဆမှုတစ်ခုပါ၊ စျေးဝယ်လှည်းချင်းပစ်တိုက်သွားတာမို့ နှစ်ယောက်သားအပြန်အလှန်ကြည့်ရင်း..

"ကျွန်မ လောသွားလို့ပါ တောင်းပန်ပါတယ်ရှင်"

"ရပါ..ဟင် မင်း..လီအာ လီအာဟုတ်တယ်မလား?"
[မှတ်မိလားမသိဘူး ပိန်းဥရည်းစားကသူ့ကိုထားသွားပြီး ချမ်းသာတယ့်ကောင်နောက်လိုက်သွားတာလေ]

ထိုမိန်းကလေးက ရီပေါ့်ကို ဇဝေဇဝါနှင့်ပြူးကြည့်လာပြီး..

"ဘယ်သူလဲ မသိဘူး ကျွန်မကိုသိလို့လား?"

"ငါလေ ဝမ်ရီပေါ်"

"ဟင်.."

လီအာ ဆိုသောမိန်းကလေးမှာ ရှေ့ကကောင်ချောလေးကိုကြည့်ပြီး 5 စက္ကန့်လောက်ဆွံအနေခဲ့သည်။ သူနဲ့တွဲခဲ့တယ့် ဝမ်ရီပေါ်က ဒီလို အဆင်လေးမှမဟုတ်တာကို..။ ဒီကောင်လေးက ကြည့်ကောင်းပြီးအရမ်းကို Perfectဖြစ်နေတာလေ၊ သူကတကယ်ကြီးကို ဝမ်ရီပေါ်ပဲ..အားးချောလိုက်တာ..။

အငမ်းလွန်တယ်လို့ မှတ်ချက်ပြုရမလိုပင်၊

"အ...ငါ့ ခြေထောက်..အ "

ခြေထောက်ကို ကိုင်ပြီးထိုင်မရ ထမရဖြစ်နေတယ့် သူမပုံစံက တကယ့်ကိုဟာသဆန်တာကြောင့် ရီပေါ့်မျက်နှာက ပြုံးဖြီးဖြီးပင်ဖြစ်လာသည်။ သို့သော် ယောကျာ်းကောင်းတို့မည်သည် သနားစဖွယ်မိန်းကလေးများကို မလှောင်ရယ်သင့် ဆိုသောစကားအတိုင်း၊

"ဟာ ရရဲ့လား? လီအာ မင်း အရင်လိုဖိနပ်အမြင့်တွေစီးနေတုန်းပဲနော်၊ ကြည့်ပါဦး ဝတ်ထားတယ့် စကတ်ကလဲတော်တော်တိုတာပဲ"

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now