Chapter (23)

7.8K 961 21
                                    

[[ UNICODE ]]

Location ကိုကြည့်ပြီး ရီပေါ်ရှိသော Game City ရှေ့ကိုရောက်လာခဲ့သည်။ အထဲကိုဝင်သွားပြီး ကာယကံရှင်ကိုဝရုန်းသုန်းကားဆွဲခေါ်ချင်သော်လည်း ဇီရွှမ်းစကားသံများက နားထဲသို့ဝင်ရောက်လာသောအခါ...

"ခဏလောက်လွှတ်ထားလိုက်စမ်းပါ၊ ဒီအချိန်မှာ သူအရမ်းဒေါသထွက်နေမှာပေါ့၊ မင်းလဲ သူဘယ်မှာရှိနေလဲဆိုတာ သိနေတာပဲ၊ ငါပြောတာနားထောင်နော် ငကျန့်"

ထိုတင်မကသေး၊ ကျင်းရီ ကလဲဤသို့အချွန်နှင့်ပင့်လာပြန်သည်။

"ဖြစ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်းပဲ၊ ဝမ်ရီပေါ်ကို မစားရသေးတုန်းကလဲ မျောက်မှိုင်မှိုင်လို့၊ စားပြီးပြန်တော့လဲ လာပြန်ပြီနောက်ပြသာနာတစ်ခု၊ အဲ့စာအုပ်ကိုရေထဲလွင့်ပစ်လိုက်တော့ဘာဖြစ်မှာလဲ?? မပစ်ရက်ဘူးဆိုရင်လဲလုံခြုံတယ့်နေရာမှာထားလေ ၊ ခုကျမှ အရပ်ကယ်ပါ လူဝိုင်းပါနဲ့ ၊ ချီးလိုပဲ ကြိုက်တာလုပ် ငါ့ကိုလာမမေးနဲ့ ဟွန့် "

ဟုတ်တယ်
သူငယ်ချင်းနှစ်ယောက်စလုံးပြောတာ မှန်တယ်၊ ခုတော့သူတို့အကြံပေးတယ့်အတိုင်း ခဏလောက်တော့လွှတ်ထားလိုက်ဦးမယ်၊ အကြာကြီးတော့မရဘူးနော် မနက်ဖြန် ပြန်ဖမ်းပစ်မှာ။

တစ်ညလုံးခွဲနေရမယ့် အရေးတောင်အတော်စိတ်ပျက်ဖို့ကောင်းနေပြီ။

"ဟူးး..."

လေပူတစ်ချက်မှုတ်ထုတ်ပြီး ထိုနေရာမှထွက်လာလိုက်သည်။ ဒီတစ်ညတော့ မင်းသဘောအတိုင်းနေလိုက်ပါ ကိုယ့်ရဲ့Honeyလေး၊

ရှောင်းကျန့် ကားထွက်သွားပြီးမကြာခင်မှာ ထိုဆိုင်ထဲက ထွက်လာသောကောင်လေးနှစ်ယောက်၊ နှစ်ယောက်စလုံးမျက်နှာက မှုန်မှိုင်းနေကာ တစ်ယောက်ကသက်ပြင်းချလိုက်ရင်း..

"စာအုပ်ဝယ်မယ့် ပိုက်ဆံတွေ Game ရှုံးကုန်ပြီ ဘယ်လိုလုပ်ရမလဲ?"

"ငါက ပိုဆိုးတာ မုန့်ဖိုးတစ်လစာလုံး ပလုံသွားတာ နောက်နေ့တွေမင်းဆီကတောင်းစား ရတော့မှာပဲ "

" မကျွေးဘူး ဟျောင့် "

"မင်းကလဲ သူငယ်ချင်းအရင်းကြီးတွေကို"

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now