Chapter(19)

7.8K 950 21
                                    

{{{ UNICODE }}}

"ကိုယ့်ကို တွဲလျှောက်လေ၊
နာနေတယ့်ခြေထောက်ကို တအားဖိမလျှောက်နဲ့"

ရှောင်းကျန့်က ရီပေါ့်ခါးလေးကိုထိန်းဖက်ထားရင်း ပါးစပ်ကလဲမှာတမ်းခြေလို့မပြီးနိုင်မစီးနိုင်။ ခြေထောက်တွေကောင်းမှ ဟင်းးဟင်းးဂလု..။အတွေးတို့နှင့်အတူ ပိန်းဥ ခါးသေးသေးလေးကိုလဲ တင်းခနဲနေအောင်ဖက်ထားလိုက်မိသည်။

"Ya ဘာလို့အသေဖက်ထားတာလဲ? ဒီမှာ ခါးမျက်တော့မယ်ဗျ "

"အယ်..ဟိုလေကိုယ်က စိုးရိမ်လို့ပါ ရီပေါ်ရာ၊ အဲ့လိုနှုတ်ခမ်းကြီးစူမနေပါနဲ့ "

ရီပေါ်က ဟွင်းခနဲနှာမှုတ်ကာ မျက်မှန်ဝိုင်းကြီးကိုပင့်တင်လိုက်သည်။ ထို့နောက်ရှောင်းကျန့်ကို မှင်သေသေကြည့်ရင်း..

"ကျွန်တော့်ခြေထောက်တွေကို တော်တော်စိတ်ပူနေပုံပဲနော်"

"အင်း အရမ်းကိုစိတ်ပူနေတာ"

" စိတ်ပူတာကနည်းနည်း၊ နှာဘူးထချင်တာကများများ၊ ခင်ဗျားတော်တော်ဖြစ်နေတယ်မလား??"

ရီပေါ် စိတ်မရှည်ပဲ ဒဲ့ဒိုးသာမေးလိုက်သည်။ ဟိုက အရှက်မရှိပြန်ဖြေပုံက ထင်တယ့်အတိုင်း..

"ကိုယ်တော်တော်ဖြစ်နေတာကို Honey လဲသိနေတယ်ပေါ့ "

"ဘာ Honey လဲ??
အဲ့လိုမိန်းမဆန်ဆန်ကြီး ကျွန်တော့်ကိုလာမခေါ်နဲ့ ဖယ်..."

အပြောနဲ့အတူ သူ့ကိုတွန်းဖယ်ကာ အိမ်ကြီးထဲဝင်သွားတယ့် ရီပေါ်ကြောင့် ရှောင်းကျန့်မှာခပ်မိန့်မိန့်ပြုံးရင်း..

"ဟာ. ပိန်းဥခြေထောက်တွေက..Wow ဟားး ဟားး "

*****

Company ထဲခြေချလိုက်တာနှင့် မျက်လုံးပေါင်းများစွာက မိမိဆီကိုဦးတည်လာတာမို့ ရီပေါ် ခြေလှမ်းမမှားအောင်မနည်းဂရုစိုက်နေရသည်။

ဂုတ်ထောက်ဆံပင်များက တိုတစ်လှည့်ရှည့်တစ်လှည့်ဖြစ်နေပြီး ဂါဝန်ရှည်တစ်ထည်ကိုဝတ်ထားသော ကိုယ့်ပုံစံကဘာရုပ်ထွက်နေလဲမသိတော့ ၊ အတိတ်မမေ့ခင်တုန်းက ငါဘယ်လိုတွေများသရုပ်ဆောင်ခဲ့ပါလိမ့်? ခုချိန်မှာတော့ အတော်လေးသွေးပျက်နေပြီ။

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now