Chapter(10)

9.9K 1.1K 96
                                    


//////Unicode//////

"နင့်မှာ မေ့ဆေးပါလား..."

မဆိုင်တယ့်မေးခွန်းမို့ မျက်လုံးတွေဝိုင်းစက်သွားသူက ဟန်စစ်ကျွေးပင်၊ ရှောင်းကျန့်က..ဟက်ခနဲတစ်ချက်ရယ်ပြီး

"Honey ကိုမေ့ဆေးပေးပြီး
ငါတို့သံသယတွေကိုဖြေရှင်းလိုက်ရအောင်"

ဆရာဝန်တစ်ယောက်မလို့ အရေးပေါ်ဆေးပစ္စည်းများက အဆင်သင့်ပါလာသော်လည်း..ရှောင်းကျန့်အကြံကိုသဘောတူသင့်၊ မတူသင့်စဥ်းစားနေမိသည်၊

"ငါ့ကိုလိမ်မယ်မကြံနဲ့နော် စစ်ကျွေး"

သူမ သက်ပြင်းကိုသာချလိုက်ရင်း ကျန့်ကျန့်ကိုစိတ်ပျက်စွာဖြင့်သာ ကြည့်လိုက်မိသည်၊

"ကောင်းပြီ၊
ငါ မကူညီရင်လဲ
နင် မဖြစ်ဖြစ်အောင်လုပ်မှာဘဲမလား..?"

"အဟွန်း...
သိပ်သေချာတာပေါ့ "

စစ်ကျွေးက သက်ပြင်းကိုဟင်းခနဲမှုတ်ထုတ်ရင်း ဆုံးဖြတ်ရခက်နေပုံနှင့် အင်တင်တင်ဖြစ်နေသည်။ ရှောင်းကျန့်က ဆေးသေတ္တာကိုဆွဲယူလိုက်ပြီး...

"နင် မကူညီရင်
ငါ့ဘာသာ ငါဆက်လုပ်မယ်"

"ကောင်းပြီ
ငါကူညီပေးမယ်"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
အခန်းထဲ ခြေချလိုက်တာနှင့် ကုတင်ပေါ်ကိုးယို့ကားယားအိပ်နေသော Honeyက ဆီးလို့ကြိုနေသည်။

မိန်းကလေးဖြစ်ပြီး ဖုံးဖုံးဖိဖိမရှိဘဲ ဗြုတ်စဗျင်းတောင်းအိပ်နေပုံက ပရမ်းပတာဆန်နေတာမို့ စစ်ကျွေးတောင်ပြုံးစိစိ ဖြစ်သွားတာအမှန်ပင်။

ရှောင်းကျန့်က မျက်စပစ်ပြလိုက်တော့ စစ်ကျွေးက ခေါင်းညိမ့်ထောက်ခံရင်း ပုဝါဖြူလေးနှင့် Honeyမျက်နှာပေါ် ခပ်ဖွဖွလေးအုပ်လိုက်ပြီး

"ရပြီ...အချိန်သိပ်မရတော့ဘူးနော်
ကျန့်ကျန့် အမြန်စစ်ဆေးပါ"

ရှောင်းကျန့်က စိတ်မြန်လက်မြန်ပင် ညအိပ်ဝတ်အကျီလေးကို အကြမ်းပတမ်းဆွဲချွတ်ပစ်လိုက်သည်။

"ဟင်..."

မိန်းကလေးရင်ဘတ်မဟုတ်ဘဲ ပြားကပ်ကပ်ရင်ဘတ်လေးမှာ...ချယ်ရီရောင်ပွင့်ချပ်နှစ်ခုက အသားဖြူဖြူပေါ်မှာထင်းခနဲ။

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now