Chapter 3

17.2K 1.8K 83
                                    

Xiozhan ဇာတ်ညွှန်းထိုင်ဖတ်နေစဉ် ဘေးနားသို့ Yubin ရောက်လာခဲ့သည်။

"Xiaozhan ဘယ်လိုလဲ၊ ဒီနေ့ ရိုက်ရမှာအတွက် ရင်ခုန်နေပြီလား"

"ဘယ်လိုပြောရမလဲ။ နည်းနည်းတော့ စိတ်လှုပ်ရှားနေတယ်"

"အေးဆေးပါ။ kiss ခန်း ဆိုပေမယ့် ဟန်ပြပဲကို။ နည်နည်း ပုံစံမှန်ရင် ရပါတယ်။ Camera angle သူ့ဘာသာသူ ယူသွားလိမ့်မယ်"

"ဟန်ပြ?"

"အင်းလေ၊ Yibo က ဘယ်တော့မှ kiss ခန်းကို တကယ်မရိုက်ဘူးဆိုတာ မင်း မသိဘူးလား။ သူက အမြဲ angle ချိန်ပြီး ယူတာ။ အနမ်းအစစ်ဆိုတာမျိုး သူဘယ်တော့မှ မရိုက်ဘူး"

"ဟက်. . .Yibo က မင်းသားဖြစ်နေလို့ပဲ။ မဟုတ်ရင် သူ့အသားကို ဘယ်သူ့မှတောင် ထိလို့ရမှာ မဟုတ်လောက်ဘူး"

"သူက အဲ့လိုပဲ။ ဒါပေမဲ့ သူက စိတ်ထားတော့ ကောင်းတယ်။ တစ်ခုပဲ သူက သူ့ကို လိုက်ကပ်ပြီး အထာပေးတဲ့သူမျိုးဆို အရမ်းမုန်းတာ။ သူ ဆိုင်ကယ်စီးတာ သိတယ်ဟုတ်။ သူ့ဆိုင်ကယ်နောက်မှာ သူ့ချစ်သူကလွဲရင် မတင်ဘူးလို့ အပြတ်ငြင်းပြီးသား။ ဘယ်သူမှ ခုထိ လိုက်မစီးဖူးသေးဘူး"

"အိုးအိုး. . .သူ့ချစ်သူ ဖြစ်လာမယ့်သူကတော့ တော်တော်ကံဆိုးတဲ့သူနေမှာပဲ"

"အယ်. . .သူ့ချစ်သူ ဖြစ်ဖို့ဆိုတာ မိန်းကလေးတိုင်းရော တချို့‌ယောကျ်ားလေးတွေရောရဲ့ အိပ်မက်နော်"

"တော်ပါ စီနီယာရာ၊ သူနဲ့သာ တွဲရင် သူ့မျက်နှာမြင်ပြီး ပျော်နေလားမသိ စိတ်ဆိုးနေလားလည်း မသိ၊ အမြဲတမ်း မျက်နှာသေကြီးနဲ့။ သူ ပြုံးရော ပြုံးတတ်ရဲ့လားတောင် မသိဘူး။ သူ့မြင်ရတာ ပင်ပန်းလိုက်တာ"

"ဒါဆို Xiaozhan က Yiboကို စိတ်မဝင်စားဘူးလား။ Yibo နဲ့ တွဲရိုက်တဲ့သူတိုင်း Yibo ကို သဘောကျကြတာကို"

"လုံးဝပဲ။ အခု သူ့နား နေရတာတောင် ပင်ပန်းလို့ သေတော့မယ်"

"အေးပါကွာ"

---------------

"ကဲ ဒီနေ့အခန်းက နည်းနည်း ညနက်မယ်နော်။ လှေပေါ်က scene က နည်းနည်း အချိန်ယူရမယ်။ မင်းတို့နှစ်ယောက် ရန်သူ့လက်ထဲက ထွက်‌ပြေးပြီးတဲ့အချိန် လှေပေါ်မှာ ခဏနေရမှာ။ ပြီးရင် Yibo က Xiaozhan ကို ချစ်ကြောင်း ဝန်ခံပြီး ဇာတ်ညွှန်းထဲက အတိုင်းပြော။ ပြီးတာနဲ့ နမ်းရမယ်။ အိုခေနော်"

Because Of You [Completed]Where stories live. Discover now